"ခမောက်ရောင်းသမား" (ပုံပြင်) ****** တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်က ထွက်ပြီး စျေးကိုသွားရောင်းတယ်။ ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာ ထည့်ပြီး အလယ်က ဝါးလုံးလျှိုပြီးထမ်းလာတယ်။ နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်။ လမ်းတစ်ဝက်မှာ ညောင်ပင်ကြီးတစ်ပင်အောက် သူရောက်လာတယ်။ ခြင်းတောင်းကြီးနှစ်လူံးကို နေပူထဲ ထမ်းလာရတော့ သူအလွန်မောနေတယ်... ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်...သူ အနားယူချင်စိတ်ပေါက်သွားတယ်...ခြင်းတောင်းကြီးကိုချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ်။ ခြေပစ်လက်ပစ် အနားယူရင်း သူအိပ်ပျော်သွားတယ်။ အိပ်ရာက နိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းထဲမှာ ခမောက်တွေ တစ်လုံးမှ မရှိတော့ဘူး.. သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ ခမောက်ပဲ ကျန်တော့တယ် ခမောက်တွေ ဘယ်ရောက်သွားသလဲ လိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ ခေါင်းတွေပေါ် ရောက်ကုန်တယ် ။ ဒီခမောက်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး သူအကြံထုတ်တယ်.. သူက အားတဲ့ အချိန်မှာ အမြဲ စာဖတ်တော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားတတ်တယ်။ နာရီဝက်လောက်ကြာတော့ သူအကြံရသွားတယ် သူ့လက်ထဲမှာ ခမောက်ကို ခေါင်းပေါ် ပြန်ဆောင်းပြမျောက်တွေ မြင်သာတဲ့ နေရာ ထွက်လိုက်တယ်။ မျောက်တွေ မြင်လောက်ပြီ ထင်တော့မှ ခမောက်ကိုချွတ်ပြီး ခေါင်းကုပ်ပြတယ်။ မျောက်တွေ ကလည်းသူ့ကိုအတုခိုးပြီး ဦးထုပ်ချွတ် ခေါင်းကုပ်ကြတယ်။ ဒါနဲ့ ပူလွန်းလို့ ခမောက်တောင် မကိုင်ချင်တဲ့ပုံစံနဲ့သူက ခမောက်ကို မြေကြီးပေါ် ပစ်ချလိုက်တယ်။ မျောက်တွေလည်းသူလုပ်တာမြင်ပြီး သူတို့လက်ထဲက ခမောက်တွေကိုပစ်ချ လိုက်ကြတယ်။ ဒီတော့မှ သူဟာမျောက်တွေ ပစ်ချလိုက်တဲ့ ခမောက်တွေကို အလျင်အမြန်ကောက်ပြီး ပြန်ထည့်လိုက်တယ် ဒီနည်းနဲ့ မျောက်တွေ လက်ထဲက ခမောက်တွေ အားလုံးကို သူပြန်ရလိုက်သတဲ့။ နှောင် နှစ်ပေါင်း၂၀ကြာတဲ့အခါ စောစောက ခမောက်ရောင်းသမားရဲ့ မြေးကလေးက ခမောက်ရောင်းထွက်သတဲ့ သူ့အဘိုး အိပ်စက်ခဲ့တဲ့ ညောင်ပင်ကြီးအောက်ရောက်တော့ တောင်းကို ချပြီး အနားယူပြန်သတဲ့။ ခြေပစ်လက်ပစ်အိပ် ပျော်သွားတယ် အိပ်ရာက နိုးတော့ ခြင်းထဲက ခမောက်တွေ မရှိတော့ဘူး ညောင်ပင်ပေါ်က မျောက်တွေ ခေါင်းပေါ် ရောက်နေတယ်။ ဒီတော့ သူ့အဘိုးပြောတာ အမှတ်ရ ပြီး သူ့အဘိုး လုပ်သလို ခမောက်တွေ ပြန်ရအောင် ကြိုးစားတယ် သူက ခမောက်ကို ချွတ်ပြီး ခေါင်းကုပ်တယ်။ မျောက်တွေကလည်း သူ့လို လိုက်လုပ်တယ် သူက ခမောက်တွေ နဲ့ ယပ်ခက်ပြပြန်တယ်။ မျောက်တွေကလည်းသူတို့ခမောက်တွေနဲ့ ယက်ခပ်ကြပြန်တယ်။ နောက်ဆုံးမှာ သူက လက်ထဲက ခမောက်ကို လွှတ်ပစ်လိုက်တယ်။ ပြီးတော့ သူ့လို ခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်။ ဘယ်မျောက်မှ ခမောက်ကို လွတ်မချကြဘူး လက်ထဲမှာ အသေ ဆုပ်ကိုင်ထားကြတယ်။ သူ အံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ် တက်သွားသတဲ့။ သစ်ပင်ပေါ်ပြေးမတက်ခင် သူ့ကို အဲဒီမျောက်က စကားတစ်ခွန်းပြောသွားတယ်။ "မင်း မှာ အဘိုးရှိသလို ဒို့မှာလည်း အဘိုးရှိတယ် ဆိုတာ မမေ့နဲ့လေတဲ့" အခက်အခဲတစ်ခုခုကြုံတွေ့လို့ လုပ်နေကျနည်းလမ်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရကြပါစေ။ #crd_to_owner_with_respect 12.8K views11:34