Get Mystery Box with random crypto!

သားငယ်ကို လှမ်းခေါ်လိုက်တယ်။ ပိုက်ဆံပုံပေးပြီး “ရော့ ငါ့ကို ဝ | Book Paradise Myanmar 📚📚

သားငယ်ကို လှမ်းခေါ်လိုက်တယ်။ ပိုက်ဆံပုံပေးပြီး

“ရော့ ငါ့ကို ဝတ္ထုထုတ်ပေး။ တစ်ပြားမှ ပြန်မရလည်း ကိစ္စမရှိဘူး”

အမှန်ပဲ “ရိုးမ” ဟာတကယ့်ကို ကျွန်တော့်အတွက် ကျိန်စာတစ်ခုလိုဖြစ်နေတယ်။ ဒီအကြောင်းကို မပြောရရင် ကျိန်စာသင့်သလိုဖြစ်နေမှာစိုးလို့ ပြောကိုပြောရမလိုဖြစ်နေတယ်။ ပိုက်ဆံ ပြန်မရလည်း ကိစ္စမရှိဘူး။ အို၊ နာ၊ သေဘေးက သူ့အလိုလို ကိစ္စပြီးသွားလိမ့်မယ်ဆိုပြီးတော့ကို စာအုပ်ထုတ်ခိုင်းလိုက်တာ။

“ရိုးမပေါ်မှာကျတဲ့မျက်ရည်” ဝတ္ထုဟာ ကျွန်တော့်စာရေးသက်မှာ ပထမဆုံး ဝတ္ထုရှည်အဖြစ် တင်ပြနိုင်ခဲ့တဲ့ အမှတ်တရတစ်ခုဖြစ်ပါတယ်။

တင်ညွန့်

၂၃.၇.၂၀၁၈