Get Mystery Box with random crypto!

Book Paradise Myanmar 📚📚

Logo saluran telegram bookparadisemyanmar — Book Paradise Myanmar 📚📚 B
Logo saluran telegram bookparadisemyanmar — Book Paradise Myanmar 📚📚
Alamat saluran: @bookparadisemyanmar
Kategori: Permainan
Bahasa: Bahasa Indonesia
Pelanggan: 47.43K
Deskripsi dari saluran

စာဖတ်ဝါသနာရှင်များ အတွက် စာအုပ်များ မျှဝေရာ 📚📚
https://www.bookparadisemm.com

Ratings & Reviews

1.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

2


Pesan-pesan terbaru

2024-01-05 20:09:24
လက်ဖက်ရည်ကြမ်းဝိုင်း လရောင်ဆမ်း၍
ရွာလမ်းမြေမာ၊ဝင်းဝင်းဝါ၏။
အုန်းထန်းပေလက်၊တမာရွက်တို့
ရွှေစက်ရွှေပြောက် ရွှေရည်သောက်၏။
တရံတခါ၊လေအလာတွင်
ရွာလည်ပေါင်းကူး၊တံတားဦးမှာ
ဆိတ်ဖလူးနံ့၊ရွာလုံးပျံ့၏။
သူကြီးအိမ်မြောက်၊ရွာသားဆောက်သည့်
ကွန်းထောက်ခိုရာ၊ကွန်းပျစ်သာတွင်
ရွာမှသက်ကျား၊ရွယ်အိုများတို့
စကားဆိုမြည်၊ဝိုင်းကြီးစည်၏။
ဝိုင်းလည်ခေါင်ဗွေ၊ကရွတ်ခွေတွင်
မြေကရားအိုး၊နှုတ်သီးကျိုးနှင့်။
ညှိတက်ဟောင်းနွမ်း၊သံလင်းပန်းဝယ်
အကြမ်းပန်းကန်၊နှုတ်ခမ်းလန်နှင့်။
ဆေးသားမပီ၊ယွန်းဗျပ်နီ၌
ရှမ်းပြည်မြေပဲ၊ထန်းလျက်ခဲနှင့်။
ဤနေရာသည်
ရွာ၏အရေး၊ရှေ့နောက်တွေးလျက်
ဆွေးနွေးကြရာ၊ဘုံရိပ်သာတည့်။
ဤနေရာသည်
သူငါတို့စမ်း၊ဟာသခန်းဖြင့်
ကျွမ်းဝင်ကြရာ၊ဘုံရိပ်သာတည့်။
ဤနေရာသည်
ပညာစောကြော၊တုံ့လှယ်ပြော၍
နှီးနှောကြရာ၊ဘုံရိပ်သာတည့်။
လက်ဖက်ရည်ကြမ်း တလင်ပန်းဖြင့်
စိတ်ဝမ်းလက်ညီ၊ရွာသစ်တည်ကာ
ကျီသစ်ပုံသွင်း၊အားနှင့်ရင်း၍
ဖန်ဆင်းခဲ့ကြဘူးလေပြီ။

( ဗန်းမော်ညိုနွဲ့ )
13.4K views17:09
Buka / Bagaimana
2023-11-03 07:45:15 ရှေးဟောင်းဖျက်ဆီးနည်း
------------------------
တစ်နေ့တွင် ဘုရင်သည် ဆင်စီးပြီး တိုင်းခန်းလှည့်လည်လာသည်။

ဘုရင့်ဆင်သည် ရွာတစ်ရွာကိုဖြတ်သည်။ လူတစ်ယောက်က

“အသပြာ တစ်ပြားပေးပါ” ဟု တောင်းသည်။

ဘုရင်းကမေးသည်

“အဘယ်ကြောင့် ငါ့ထံက အသပြာတောင်းရသနည်း”

“သင်တို့ ဤရွာကိုဝင်စဉ်က တံတားကိုဖြတ်လာသည် မဟုတ်လော”

“ဖြတ်လာ၏”

“တံတားကိုဖြတ်လာလျှင် အသပြာတစ်ပြားပေးရမည်”

ဘုရင်က ထိုသူကို ပိုက်ဆံမပေး။ ဆင်ထိန်းကို ဆက်သွားခိုင်းသည်။

ထိုသူက ဘုရင့် ဆင်အမြီးကို ဆွဲထားသည်။ ဆင်ကြီးသည် မလှုပ်နိုင် မရုန်းနိုင်လောက်အောင် ဖြစ်နေသည်။

ဘုရင်က အံ့အားသင့်သွားသည်။ ထိုသူသည် အလွန်အင်အားကောင်းသူ ဖြစ်နေသည်။ တိုင်းပြည်ထဲတွင် ဤသို့ အင်အားကြီးသူတစ်ယောက် ရှိနေခြင်းမှာ သူ့အတွက် စိုးရိမ်စရာဖြစ်သည်။ ထို့ကြောင့် ဘုရင်က ဆင်ကို ဝပ်ခိုင်းလိုက်ပြီး ဆင်ပေါ်မှဆင်းကာ အမတ်ကြီးကို တီးတိုးသွားမေးသည်။

“အမတ်ကြီး ဤသူကား ခွန်အားကြီးလှသည်။ သူ့ကို အသပြာပေးပြီး သွားခိုင်းလော့”

“အရှင်မင်းကြီး အသပြာပေးကာ စေ့စပ်ခြင်းထက် … သူ့အစွမ်းအစတွေ လျှော့နည်းသွားစေရန် ပြုလုပ်ခြင်းက ပိုပြီး သင့်လျော်ပါလိမ့်မည်”

“သူ့ကို သတ်လိုက်မည်လော”

“သတ်ခြင်းထက်ပိုပြီး ဘဝသေသွားအောင် လုပ်၍ရနိုင်ပါသည်။ သူ့အစွမ်းလည်းပျက်ပျယ်။ ဘဝလည်း သေသွားမည်ဆိုလျှင် ပိုမကောင်းပြီလော အရှင်မင်းကြီး”

“ကောင်းလှပေ၏”

“သူအစွမ်းထက်နေရခြင်းမှာ သူ့တွင် ဗလအားကိုးဖြင့် နေရာတစ်နေရာ ရနေသောကြောင့်ဖြစ်သည်။ ထိုနေရာက အချိန်တန်လျှင် စားစရာရနေသည်။ ထို့ကြောင့် ပူပင်စရာမရှိ။ အပူအပင်လည်း မထား။ သူ့မူလ အစွမ်းနှင့် ပူပေါင်းလိုက်သည့် အခါတွင် သူ့ထံ၌ စိုးရိမ်ပူပန်မှု မရှိခြင်းက ပိုပြီး အစွမ်းထက်စေသည်။ ထို့ကြောင့် သူ့အစွမ်းကိုဖျက်ပစ်ရမည်”

“မည်သို့ ဖျက်မည်နည်း”

“သူ့ကို တာဝန်တစ်ခုခု ပေးလိုက်ပါ။ ဘုရားကျောင်းတွင် ညစဉ် မီးလင်းစေရန် မီးထွန်းသည့် တာဝန်ကို ပေးလိုက်ပါ၊ ထိုတာဝန်အတွက် တစ်ညလျှင် ရွှေဒင်္ဂါးတစ်ပြား ပေးမည်ဟု ကမ်းလှမ်းလိုက်ပါ”

“အမတ်ကြီး ရွှေဒင်္ဂါးရပြီး သူလိုသော အစားအစာများ ဝယ်စားနိုင်လျှင် ပိုပြီး စွမ်းအားမရှိပြီလော”

“သူ့ကို တစ်လခန့် တစ်ည ရွှေဒင်္ဂါးတစ်ပြားပေးပြီး တာဝန်ပေးလိုက်ပါမင်းကြီး”

ဘုရင်က ထိုသူကိုခေါ်ပြီး ဘုရားကျောင်းတွင် ညစဉ် ဆီမီးထွန်းသည့် တာဝန်ကို ယူရမည်။ ထိုတာဝန် အတွက် တစ်ညလျှင် ရွှေဒင်္ဂါးတစ်ပြားပေးမည်ဟု ကမ်းလှမ်းသည်။

ထိုသူကလည်း သဘောတူပြီး ထိုတာဝန်ကို ထမ်းဆောင်လေသည်။

နောက်တစ်လနေသည့် အခါတွင် ဘုရင်သည် ထိုရွာကို ပြန်လာသည်။ ဆီမီးထွန်းတာဝန်က ပြုတ်သွားသော ထိုသူက လူကြားထဲကထွက်ပြီး ဘုရင့်ဆင်အမြီးကို ဆွဲသည်။ ဆင်က ဆက်သွားသည်။ မရပ်တော့။ အမြီးကို ဆွဲထားသည့် သူသာလျှင် ဆင်နောက်ကို ဒရင့်တိုက်ပါသည်။

ဘုရင်က ကျေနပ်စွာဖြင့် အမတ်ကိုမေးသည်

“အမတ်ကြီး မည်သို့ ဖြစ်သွားရသနည်း”

“အရှင်မင်းကြီးက တစ်ညတစ်ပြား ရွှေဒင်္ဂါးပေးကတည်းက သူ့စိတ်တွင် စိုးရိမ်စိတ်တွေ ဝင်လာသည်။ သူ့အတွက် ယခင်က အသပြာတစ်ပြားလောက်ရလျှင် လုံလောက်သည်။ သို့သော် ရွှေဒင်္ဂါးတွေ တစ်ညတစ်ပြား ရောက်လာခြင်းက သူ့ကို ပိုပြီး သောကများစေသည်။ သူက ထို ရွှေဒင်္ဂါးတွေကို မည်သည့်နေရာတွင် ထားရ သိမ်းရမှန်းမသိ စိုးရိမ်စိတ်တွေ ဖြစ်လာသည်။ စိုးရိမ်စိတ်ကြောင့် အိပ်မရနိုင်အောင် ဖြစ်လာသည်။ မအိပ်နိုင် သဖြင့် စောစောလည်း မထနိုင်။ နေ့စဉ် လေ့ကျင့်ရမည့် ကိစ္စတွေကိုလည်း မပြုနိုင်။ ကြာလာသော အခါတွင် အစွမ်းတွေ ပျက်လာသည်။ လူတစ်ယောက်ကို ဖျက်ဆီးချင်လျှင် အလွယ်လေးဖြစ်ပါသည်။ သူမျှော်မှန်း ထားသည်ထက် ပိုပြီး ရာထူး၊ အာဏာ၊ နေရာ၊ ငွေအသပြာတွေ ပုံသာပေးလိုက်ပါ အလိုလို ပျက်စီး သွားပါလိမ့်မည်”

(အိန္ဒိယ ပုံပြင်လေးတစ်ပုဒ်ကို မှီငြမ်းပါသည်)

တင်ညွန့်

အရဟံသမြားနီဆေးကြီး
12.6K views04:45
Buka / Bagaimana
2023-10-30 14:34:19 "ခမောက်ရောင်းသမား" (ပုံပြင်)
******

တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်က ထွက်ပြီး စျေးကိုသွားရောင်းတယ်။ ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာ ထည့်ပြီး အလယ်က ဝါးလုံးလျှိုပြီးထမ်းလာတယ်။
နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်။

လမ်းတစ်ဝက်မှာ ညောင်ပင်ကြီးတစ်ပင်အောက် သူရောက်လာတယ်။ ခြင်းတောင်းကြီးနှစ်လူံးကို နေပူထဲ ထမ်းလာရတော့ သူအလွန်မောနေတယ်...

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်...သူ အနားယူချင်စိတ်ပေါက်သွားတယ်...ခြင်းတောင်းကြီးကိုချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ်။

ခြေပစ်လက်ပစ် အနားယူရင်း သူအိပ်ပျော်သွားတယ်။

အိပ်ရာက နိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းထဲမှာ ခမောက်တွေ တစ်လုံးမှ မရှိတော့ဘူး..

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ ခမောက်ပဲ ကျန်တော့တယ် ခမောက်တွေ ဘယ်ရောက်သွားသလဲ လိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ ခေါင်းတွေပေါ် ရောက်ကုန်တယ် ။

ဒီခမောက်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး သူအကြံထုတ်တယ်..

သူက အားတဲ့ အချိန်မှာ အမြဲ စာဖတ်တော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားတတ်တယ်။

နာရီဝက်လောက်ကြာတော့ သူအကြံရသွားတယ်

သူ့လက်ထဲမှာ ခမောက်ကို ခေါင်းပေါ် ပြန်ဆောင်းပြမျောက်တွေ မြင်သာတဲ့ နေရာ ထွက်လိုက်တယ်။

မျောက်တွေ မြင်လောက်ပြီ ထင်တော့မှ ခမောက်ကိုချွတ်ပြီး ခေါင်းကုပ်ပြတယ်။

မျောက်တွေ ကလည်းသူ့ကိုအတုခိုးပြီး
ဦးထုပ်ချွတ် ခေါင်းကုပ်ကြတယ်။ ဒါနဲ့ ပူလွန်းလို့ ခမောက်တောင် မကိုင်ချင်တဲ့ပုံစံနဲ့သူက ခမောက်ကို မြေကြီးပေါ် ပစ်ချလိုက်တယ်။

မျောက်တွေလည်းသူလုပ်တာမြင်ပြီး သူတို့လက်ထဲက ခမောက်တွေကိုပစ်ချ လိုက်ကြတယ်။

ဒီတော့မှ သူဟာမျောက်တွေ ပစ်ချလိုက်တဲ့ ခမောက်တွေကို အလျင်အမြန်ကောက်ပြီး ပြန်ထည့်လိုက်တယ်

ဒီနည်းနဲ့ မျောက်တွေ လက်ထဲက ခမောက်တွေ အားလုံးကို သူပြန်ရလိုက်သတဲ့။

နှောင် နှစ်ပေါင်း၂၀ကြာတဲ့အခါ
စောစောက ခမောက်ရောင်းသမားရဲ့ မြေးကလေးက ခမောက်ရောင်းထွက်သတဲ့

သူ့အဘိုး အိပ်စက်ခဲ့တဲ့ ညောင်ပင်ကြီးအောက်ရောက်တော့ တောင်းကို ချပြီး အနားယူပြန်သတဲ့။
ခြေပစ်လက်ပစ်အိပ် ပျော်သွားတယ်
အိပ်ရာက နိုးတော့ ခြင်းထဲက
ခမောက်တွေ မရှိတော့ဘူး

ညောင်ပင်ပေါ်က မျောက်တွေ ခေါင်းပေါ် ရောက်နေတယ်။

ဒီတော့ သူ့အဘိုးပြောတာ အမှတ်ရ ပြီး သူ့အဘိုး လုပ်သလို ခမောက်တွေ ပြန်ရအောင် ကြိုးစားတယ်

သူက ခမောက်ကို ချွတ်ပြီး ခေါင်းကုပ်တယ်။

မျောက်တွေကလည်း သူ့လို လိုက်လုပ်တယ်

သူက ခမောက်တွေ နဲ့ ယပ်ခက်ပြပြန်တယ်။

မျောက်တွေကလည်းသူတို့ခမောက်တွေနဲ့ ယက်ခပ်ကြပြန်တယ်။

နောက်ဆုံးမှာ သူက လက်ထဲက ခမောက်ကို လွှတ်ပစ်လိုက်တယ်။

ပြီးတော့ သူ့လို ခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်။

ဘယ်မျောက်မှ ခမောက်ကို လွတ်မချကြဘူး
လက်ထဲမှာ အသေ ဆုပ်ကိုင်ထားကြတယ်။

သူ အံ့သြငေးမောကြည့်နေတုန်း
မျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ် တက်သွားသတဲ့။

သစ်ပင်ပေါ်ပြေးမတက်ခင် သူ့ကို အဲဒီမျောက်က စကားတစ်ခွန်းပြောသွားတယ်။

"မင်း မှာ အဘိုးရှိသလို ဒို့မှာလည်း အဘိုးရှိတယ် ဆိုတာ မမေ့နဲ့လေတဲ့"

အခက်အခဲတစ်ခုခုကြုံတွေ့လို့ လုပ်နေကျနည်းလမ်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရကြပါစေ။

#crd_to_owner_with_respect
12.8K views11:34
Buka / Bagaimana
2023-10-17 16:51:43 သားငယ်ကို လှမ်းခေါ်လိုက်တယ်။ ပိုက်ဆံပုံပေးပြီး

“ရော့ ငါ့ကို ဝတ္ထုထုတ်ပေး။ တစ်ပြားမှ ပြန်မရလည်း ကိစ္စမရှိဘူး”

အမှန်ပဲ “ရိုးမ” ဟာတကယ့်ကို ကျွန်တော့်အတွက် ကျိန်စာတစ်ခုလိုဖြစ်နေတယ်။ ဒီအကြောင်းကို မပြောရရင် ကျိန်စာသင့်သလိုဖြစ်နေမှာစိုးလို့ ပြောကိုပြောရမလိုဖြစ်နေတယ်။ ပိုက်ဆံ ပြန်မရလည်း ကိစ္စမရှိဘူး။ အို၊ နာ၊ သေဘေးက သူ့အလိုလို ကိစ္စပြီးသွားလိမ့်မယ်ဆိုပြီးတော့ကို စာအုပ်ထုတ်ခိုင်းလိုက်တာ။

“ရိုးမပေါ်မှာကျတဲ့မျက်ရည်” ဝတ္ထုဟာ ကျွန်တော့်စာရေးသက်မှာ ပထမဆုံး ဝတ္ထုရှည်အဖြစ် တင်ပြနိုင်ခဲ့တဲ့ အမှတ်တရတစ်ခုဖြစ်ပါတယ်။

တင်ညွန့်

၂၃.၇.၂၀၁၈
12.8K views13:51
Buka / Bagaimana
2023-09-21 09:00:52
Speaking အတွက် ဒီလိုမေးခွန်းတွေများများလေ့ကျင့်ထားဖို့ လိုပါတယ်
မေးခွန်း 107 ခုပါပါတယ်
အတူတူကြိုးစားကြမယ်နော်

Credit - teacher_april_may_zin
12.6K views06:00
Buka / Bagaimana
2023-09-19 06:17:20 မတန် လို့ပါ

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်
ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်
တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို
ပူစာတယ်။

မောင်တော် ဘုရင့် ပွဲတော်အုပ် စားချင်တယ်
လို့နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်
အုပ်မှ မစား ရရင် နှမတော် သေရ ပါလိမ့်မယ်
မောင်တော် ရအောင်ယူပေးပါ။ "

ဪ•••နှမတော်ရယ် သူတောင်းစားနဲ့
ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆို
တော်သေး.."ဒို့က သူတောင်းစား "ဘုရင့် ပွဲ
တော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ.."

" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရ
မယ်မဟုတ်လို့ကတော့ နှမတော်ဒေါသကိုသိ
တယ်နော် "

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်
နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး•• မိရင် ငါ
သေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး
ဆွမ်းခံ ကြွရင် အဆင်ပြေ မယ်..ခေါင်း တုံး
သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့
ကိုကြွ.. သူတောင်းစားဆိုတော့ ဟန်ဆောင်
ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေ
တာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိ
တာပေါ့.••

ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်
လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်
တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့
ရဲ့ရှုတ်ချကြမယ်."

ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..
ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်
ထားသကဲ့သို့စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါ
နဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး `ဘာ
အလိုရှိလဲ လျောက်လိုက်စမ်း´´..ဆိုပြီးခိုင်း
တယ်။

အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ
ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲ
တော်အုပ် အလှူခံချင်တယ်တဲ့´´ဘုရားပေါ့
လျောက်တယ်။

ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့
ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြား
တယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်း
စမ်း၊ ဘာလဲသိရအောင်"ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်
ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်း
ကို ချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်း
မြင်ကော" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။

အမတ်ကလဲ ပညာရှိအမတ်ဆိုတော့
စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း
ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစား
ကို သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်
လောက်နဲ့ ငါ့ ဘုရင် အကုသိုလ် ဖြစ် ရတာ
"မတန်ပါဘူး"လို့ စဉ်းစားပြီး နန်းတော်ကိုပြန်
တယ်။

နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်
ဟိုရဟန်း အခြေနေဘာထူးလဲအမတ် လို့ မေး
တော့

အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်း
တော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာကြည့်
ရင်းကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါ
တယ်ဘုရား ´´လို့ လျောက်တင်တော့•••

အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့
ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်
တယ်.။

" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့
တော့ မထင်ပါနဲ့တဲ့

တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့်
အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးမို့
တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်…။

Credit
12.8K views03:17
Buka / Bagaimana
2023-09-09 13:47:47 ဒီည စကားဝှက် မိကျောင်း

မောင်မြင့်တယောက် အထင်လွဲခံရပြီး စိတ္တဇဆေးရုံမှာ အချုပ်ကျတယ်
ည(၁၂)နာရီလောက်ရောက်တော့ အရူးတယောက်က "အားလုံးဝပ် --ဂျပန်တွေဝင်လာပြီ ပစ် ဒိုင်းညောင့် ဒိုင်းညောင့် "
လို့အော်တယ်
တခြားအရူးတွေအားလုံးလည်း ကိုယ့်ကုတင်အောက်ကိုယ်ပုန်းကြပြီး " ပစ်ကွာ အသေပစ် ဒက်ဒက် ဒိုင်းညောင့်ဒိုင်းညောင့်" စသဖြင့် ပါးစပ်က သေနတ်ပစ်ပြီးအော်ကြတယ်
မောင်မြင့်က တကယ်ရူးနေတာမဟုတ်တော့ ကိုယ့်ကုတင်ပေါ်ကိုယ်ထိုင်ပြီး အရူးတွေကိုအကဲခတ်နေတယ်
ခနအကြာမှာ အရူးတယောက်က "ရဲပေါ်တို့ --ဟို တင့်ကားပေါ်မှာ ဂျပန်ကင်ပေတိုင်တယောက် ဝိုင်းဖမ်းကြ" ဆိုပြီး မောင်မြင့်ကို ကုတင်ပေါ်ကနေ ဆွဲချပြီးထိုးကြိတ်ကျတယ်
အဲ့အချိန် တာဝန်ကျဆရာဆရာမတွေရောက်လာပြီး ဖြန်ဖြေပေးလို့ အားလုံးအေးဆေးဖြစ်သွားတယ်
နောက်နေ့ မနက် နံနက်စာ စားပြီးချိန်မှာ အရူးတယောက်မောင်မြင့်နားလာပြီး
"ရဲဘော် ညက ဂျပန်တယောက် တင့်ကားနဲ့ဝင်လာတာတွေ့တယ်မလား? ဒီညလည်းဒီငပုတွေထပ်လာနိုင်တယ် သတိရှိပါ ဒီညစကားဝှက်က. မိကျောင်း"
လို့ တိုးတိုးလေးပြောတယ်
မောင်မြင့်လည်းသေခြာမကြားလိုက်ပေမည့် ညက ဝိုင်းအတွယ်ခံထားရလို့ကြောက်ပြီး "ဟုတ် ဗိုလ်ကြီး" လို့ပြောပြီးအလေးပြုလိုက်တယ်

ညရောက်တော့ ကိုယ့်ကုတင်ပေါ်ကိုယ်အိပ်နေတုန်း ၁၂ နာရီ ထိုးခါနီးမှာ မနေ့ညကလိုပဲ အရူးတယောက်က "ဂျပန်တွေဝင်လာပြီ ပစ် ပစ် " လို့အော်တယ် ကျန်တဲ့အရူးတွေလည်း ကိုယ့်ကုတင်အောက်ကိုယ်ပုန်းကြဝပ်ကြရင်း ဒက်ဒက်ဒိုင်းဒိုင်းနဲ့ အော်ကြတယ်
မောင်မြင့်လည်း မနေ့ညကလိုဝိုင်းတွယ်ခံမထိအောင် ကုတင်အောက်ဝပ်ပြီး ဒက်ဒက်ဒိုင်းဒိုင်း လို့ အော်ပေးရှာတယ်

အဲ့အချိန် အရူးတယောက် မောင်မြင့်ကို
လှန်းမေးတယ်
"ဟေ့ ရှေ့က ရဲဘော် စကားဝှက် "

မောင်မြင့်လည်း ဘာဖြေရမှန်းမသိခင် အရူးတယောက်က သူ့ လက်ဖျံမှာထိုးထားတဲ့ မိကျောင်းလိုလို.အိမ်မြောင်လိုလို တက်တူး ပုံကိုထောင် ပြတယ်
မောင်မြင့်လည်း ကြောက်ကြောက်နဲ့
" အိမ်--အိမ်မြောင် ပါဗိုလ်ကြီး"
"စကားဝှက်မှားနေတယ်"
" တောက်တဲ့"
" မဟုတ်ဘူးကွ"
ထိုအချိန် အရူးတချို့က "ဗိုလ်ကြီး အဲ့ကောင်စကားဝှက်မသိဘူး ရန်သူ ရန်သူ"
လို့အော်ပြီး မောင်မြင့်ကို ဝိုင်းဖမ်းထိုးကြိတ်ကြတယ်
အဲ့အချိန် တာဝန်ကျ ဆရာဆရာမတွေရောက်လာပြီး ဖျန်ဖြေ ပေးလို့အားလုံးငြိမ်သွားတယ်. မောင်မြင့်ခဗျာတော့မျက်နှာတခုလုံးဖူးယောင်ရှာလို့

နောက်နေ့ မနက် နံနက်စာ စားပြီးချိန်မှာအရင်နေ့လိုပဲ အရူးတယောက်မောင်မြင့်နားလာပြီး
"ရဲဘော် ညက ဂျပန်တယောက် စိမ့်ဝင်လာတယ် ဒီညပိုသတိရှိပါ စကားဝှက်က မိကျောင်း" လို့ ပြောတယ်
မောင်မြင့်လည်း "ဟုတ်ကဲ့ ဗိုလ်ကြီး" လို့ပြောပြီး အလေးပြုလိုက်တယ်
တနေ့လုံး "မိကျောင်း မိကျောင်း ဒီညစကားဝှက် မိကျောင်း" လို့မောင့်မြင့်နှုတ်က တ တွတ်တွတ် ရွတ်နေတယ်

ညရောက်လို့၁၂ နာရီထိုးခါနီးတော့ မောင်မြင့်က ဝုန်းခနဲထပြီး
"အားလုံးဝပ် --ဂျပန်တွေဝင်လာပြီ ပစ် ဒိုင်းညောင့် ဒိုင်းညောင့် "
လို့အော်တယ်
အဲ့အခါ ဘေးကုတင်တွေပေါ်က အရူးတွေက မောင်မြင့်ကို "ဟေ့ကောင် အရူး တိတ်စမ်း ဘာဂျပန်မှမလာဘူး အရင်နေ့တွေက မင်ကို လူသစ်မို့လို့ ငါတို့ပညာပေးတာ" တဲ့
လူသစ်ဆိုမလွယ်ပါလား

ပြန်လည်မျှဝေ ပါသည်
credit
12.9K views10:47
Buka / Bagaimana
2023-07-24 14:31:28 လူဝံတွေ "အစာ"နဲ့ "လိင်"ကိစ္စ
ဘာကို ဦးစားပေး ရွေးသလဲ
ဆိုတာ စမ်းသပ်ဖို့ သိပ္ပံပညာရှင်
တစုက ဆုံးဖြတ်လိုက်တယ်။
-
-
-
လူဝံအထီး တကောင်ကို တလ
တိတိ အစာမကျွေးပဲ တကောင်
တည်း ခွဲထုတ်ပြီး အငတ်ထား
လိုက်တယ်။
-
အမတွေနဲ့လည်း ပေးမတွေ့ဘူး။
-
တလအကြာမှာ အခန်း တခုတည်း
ပြောင်းလိုက်တယ်။ အခန်းထောင့်မှာ
လူဝံမ တကောင်၊နောက်တထောင့်မှာ
အစာ အကောင်းစားတွေ ချထားတယ်။
-
လူဝံထီးဟာ လူဝံမကို တချက် show
လိုက်တယ်။ စိတ်မဝင်စားတဲ့ပုံနဲ့
ချက်ချင်း အစာရှိရာဆီကို တန်း
ပြေးသွားတာ တွေ့လိုက်ရတယ်။
-
စမ်းသပ်မှုကို ထပ်သေချာအောင်
ဒုတိယနေ့မှာ ထပ်လုပ်တယ်။
-
အခန်းထောင့် တခုမှာ လူဝံမကို ထား..
နောက်တထောင့်မှာ သိပ်မလတ်ဆတ်
တဲ့ အစာတွေ ထားပြန်တယ်။
-
လူဝံထီးဟာ ပထမနေ့ကလိုပဲ လူဝံမကို
စိတ်မဝင်စားဟန်နဲ့ တချက်လောက်
ငဲ့ကြည့်တယ်။ ပြီးတာနဲ့ အစာဆီ
တန်းပြေးသွားပြန်တယ်။
-
ပိုသေချာအောင် နောက်ဆုံး တကြိမ်
အညံ့ဆုံး အစာတွေနဲ့ ထပ်စမ်းဖို့
လုပ်ပြန်တယ်။ ဒီတခါလည်း အစာ
ဆီကို သွားပြန်တာပဲ။
-
သေချာသွားပြီ။ လူဝံတွေဟာ လိင်ကိစ္စ
ထက် အစာကို ပိုတပ်မက်ကြောင်း
စာတမ်းရေးတယ်။
-
နာမည်ကြီး သိပ္ပံဂျာနယ်
တခုဆီကို လှမ်းပို့လိုက်တယ်။
-
သုံးရက်လောက်နေတော့
ဂျာနယ်တိုက် အယ်ဒီတာ ဆီက
ပြန်စာ ရောက်လာတယ်။
-
-
"အစာတွေ မလဲနဲ့။
လူဝံမကိုပဲ လဲပြီး ထပ်စမ်းကြည့်ဦး"
-

-
-
-မူရင်းရေးသူသားသူအား CRD ပေးပါသည်။
13.5K views11:31
Buka / Bagaimana