Get Mystery Box with random crypto!

MoD ရဲ့ ပြောခွင့်ရ MMS ရဲ့ ရှင်းတမ်းအရဆိုရင် MoD ဟာ ထင်သလောက်အ | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

MoD ရဲ့ ပြောခွင့်ရ MMS ရဲ့ ရှင်းတမ်းအရဆိုရင် MoD ဟာ ထင်သလောက်အရည်အချင်း မရှိတာ တွေ့ရတယ်။ အဆိုးဆုံးကတော့ မြေပြင် PDF တွေကို MOD က လက်နက်ရောင်းစားတဲ့ကိစ္စက ရုပ်ဆိုး အကျည်းတန်ဆုံးပဲ။ ဘာပရောဂျက်၊ ညာ ပရောဂျက်ဆိုပြီး ထောက်ခံသူတွေဆီကရတဲ့ပိုက်ဆံဟာ သူတို့ကိုယ်စားမြေပြင်မှာ စစ်တိုက်နေတဲ့ ဗိုလ်နဂါးတို့လို Local PDF တွေက ပြန်ဝယ်သုံးနေရတယ်ဆိုကတည်းက မှားနေတာ အသိသာကြီး။ ဒီကြားထဲ ထိုင်းရောက် လွှတ်တော်ကိုယ်စားလှယ်တွေက တသုတ်ပြီးတသုတ် အော်ဇီ ဒိုးနေကြ‌သလို မဲဆောက်မှာနေတဲ့ ဝန်ကြီးများဆိုသူတွေကလည်း အခန့်သား ထောက်ပံ့ကြေးရနေတာက မဖြစ်မနေ အဖြေရှာရမဲ့ ပြသနာတခုလည်း ဖြစ်တယ်။ MMS ရဲ့ ပြောဆိုချက်မှာ ပန်ဆယ်လိုကိုလည်း ပြောရေးဆိုရေး တာဝန်ပေးမထားသလို MOD ရဲ့ ထောက်ပံ့ကြေးစားရင်းတွေကိုလည်း ဘယ်လိုပေးနေသလဲ ဆိုတာ အသေးစိတ် မသိရဘူးလို့ဖြေတာကတော့ အတော်ရုပ်ပေါက်လွန်းတယ်။ သေချာတာကတော့ MoD မှာ ဗိုလ်နဂါးလောက်ကို အဖြစ်ရှိတဲ့ ဝန်ကြီးမျိုး မတွေ့ရတာပါပဲ။ #ဖိုးစီ