Get Mystery Box with random crypto!

ဖြစ်သင့်တဲ့ဈေးထက် အဆမတန် ပိုနေရင်တော့ လုပ်ရမှာပါပဲ။ အစိုးရသတ်မ | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

ဖြစ်သင့်တဲ့ဈေးထက် အဆမတန် ပိုနေရင်တော့ လုပ်ရမှာပါပဲ။ အစိုးရသတ်မှတ်ထားတဲ့ ဈေးက ၄၅၀၀ ။ ရောင်းနေတာက သောင်းကျော် ဘယ်လိုမှ မဖြစ်သင့်တာပါ။ စက်သုံးဆီလည်း အတူတူပါပဲ။ ဒေါ်လာဈေးတက်ရင် ၁၀၀/၂၀၀ ခုန်တက်ပေမယ့် ဒေါ်လာဈေးကျရင် ၁၀/၂၀ လောက် တအိအိချပေးတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒေါ်လာတက်ဈေးမိတယ်ပြောရအောင်လည်း တင်သွင်း ထားတဲ့ ဆီတွေက ၁၅ ရက်တခါ ကန်စွန်းရွက်ဟင်းရွက်လို ဝယ်နေရတာလည်း မဟုတ်ပါဘူး။ ဈေးတွေ ထိန်းတာ မျိုး မလုပ်ချင်ရင်လည်း ဆန်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင် ၊ ရွှေလုပ်ငန်းရှင် အဖွဲ့ချုပ်ဆိုပြီး ဖွဲ့မနေပါနဲ့တော့။ ပြည်သူဘက်ကလည်း လိုအပ်တာထက် ပိုမလှောင်ခြင်းနဲ့ ကူညီပေးရင်တော့ ဈေးထိန်းရတာ အဆင်ပြေပါလိမ့်မယ်။ #ဖိုးစီ