Get Mystery Box with random crypto!

Ye Thar

Alamat saluran: @yethar63
Kategori: Tidak terkategori
Bahasa: Bahasa Indonesia
Pelanggan: 46.29K

Ratings & Reviews

3.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

2

2 stars

0

1 stars

0


Pesan-pesan terbaru

2024-06-01 07:53:37 မိတ်ဆွေတို့

ပင်ပန်းနေရင် vitamin B လိုနေတာ ကြက်သားစားပါ

အိပ်မပျော်ဘူးဆိုရင် Potassium လိုနေတာ ငှက်ပျောသီး များများစားပေးပါ

နေမကောင်းဖြစ်ချင်နေတယ်ဆို Vitamin C လိုနေတာ လိမ္မော်သီးစားပေးပါ

မျက်စိဝါးနေတယ်ဆိုရင် Vitamin A လိုနေတာ မုန်လာဥနီ များများစားပေးပါ

အသားအရေမွဲနေတယ်ဆိုရင် Omega 3 လိုနေတာ ကြက်ဥစားပေးပါ

အဲ့ဒါ ဘာဆေးမှမသောက်ပဲနဲ့ ကိုယ့်ခန္တာကိုယ်မှာလိုနေတဲ့အရာကို အလွယ်ကူဆုံး ဖြည့်ပေးခြင်းပဲ

Ye Thar
5.8K views04:53
Buka / Bagaimana
2024-05-31 05:57:13
ဒေါ်လာစျေးတက်လို့ စိတ်မပူကြပါနဲ့တော့

အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁ ကျပ်နဲ့ တန်ဖိုးတူညီအောင်လုပ်မယ့် ပညာရှင် ရှိနေပါပြီ ။

သူပြောသွားတယ် ဘာခက်နေလဲ ညှိလိုက်မှာပေါ့တဲ့
Ye Thar
8.5K views02:57
Buka / Bagaimana
2024-05-30 05:10:03
မြန်မာပြည်သူတွေ စစ်ကောင်စီအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ

တောင်ကိုရီးယားစစ်တပ်ကလည်း အီးထုပ်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ် ။
မြောက်ကိုရီးယားက အီးထုပ်တွေပါတဲ့ မိုးပျံပူပေါင်း အလုံး ၂၆၀ လွှတ်လိုက်လို့
Ye Thar
10.1K views02:10
Buka / Bagaimana
2024-05-29 18:57:29
အမေစုအုပ်ချုပ်တုန်းက ထိန်ထိန်လင်းနေတဲ့ မန္တလေးမြို့ကြီး ..
10.5K views15:57
Buka / Bagaimana
2024-05-27 05:46:20
လူသိများတဲ့ Post တွေရဲ့ ကွန်မန့်တွေအောက်မှာ Google က Link တွေ အများကြီး လိုက်ချနေတဲ့ Scammer တွေတွေ့ရင် အဲ့ဒီကွန်မန့်ကိုဖိနှိပ်ပြီး Facebook ကို ချက်ချင်း Report တင်ရတယ် ..
လူတိုင်းလုပ်သင့်တဲ့ အရာပဲ

အဲ့ဒါ အခြားနိုင်ငံကလူတွေ မြန်မာနိုင်ငံက ဖေ့ဘုတ်အကောင့်တွေကိုလိုချင်လို့ပဲဖြစ်ဖြစ် အခြားတစ်ခုခုကိုလိုချင်လို့ ကြိုးစားနေကြတာပါ
Ye Thar
6.4K views02:46
Buka / Bagaimana
2024-05-25 17:58:08 ပြည်တွင်းကို ကျားဖြန့်လိမ်လည်တဲ့ပုံက အရမ်းရှင်းပါတယ်

အဲ့ဒါကို မိတ်ဆွေတို့နားလည်နေရင် ကျားဖြန့်က မိတ်ဆွေတို့ကို လိမ်လို့မရတော့ဘူး

သူတို့လုပ်ပုံက ပထမဦးဆုံး မိတ်ဆွေတို့ကို ပိုက်ဆံနည်းနည်းပေးပါမယ် ၊ Youtube ကို Subscribe လုပ်ခိုင်းတာပဲဖြစ်ဖြစ် အခြားနည်းလမ်းတစ်မျိုးနဲ့ပဲဖြစ်ဖြစ် မိတ်ဆွေတို့ဆီကို ငွေပို့ပေးမှာပါ ၊ ထောင်ဂဏန်း သောင်းဂဏန်း သိန်းဂဏန်းအထိ ပေးရင်လည်းပေးပါမယ် ။ အဓိက သူတို့လိုချင်တာက မိတ်ဆွေတို့ဆီက ယုံကြည်မှု ပါ ။
ပိုပြီးယုံကြည်လာအောင် ကျားဖြန့်တွေချည်းရှိတဲ့ Group တွေထဲလည်း ဆွဲသွင်းပြီး သူတို့အချင်းချင်း ဘယ်လောက်တောင်ရတာဆိုတဲ့ စကားတွေကြား နစ်မျောသွားအောင်ပါ ။

ဒုတိယအဆင့်အနေနဲ့ မိတ်ဆွေတို့ကလည်း ယုံကြည်လာပြီဆိုရင် လောဘလည်းနည်းနည်းတက်လာပီဆိုရင် ဘယ်ဝက်ဆိုက်ကတော့ဖြင့် ဘယ်လောက်ရင်းရင် ဘယ်လောက်တောင်ရတာဆိုပြီး ရင်းနှီးငွေထည့်ခိုင်းပါမယ် ။ ရင်းနှီးငွေက သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိလည်း ဖြစ်နိုင်ပါတယ် ။

သတိပြုရမှာက လိမ်မယ့်သူက ငွေအမောက်များအောင် စောင့်နေတာပါ ။ သိန်းဆယ်ဂဏန်းအထိ ပြန်ပေးနိုင်ပြီး ရာဂဏန်းဖြစ်လာတဲ့အထိစောင့်နေတာပါ ။ အဲ့ဒါကိုယုံပြီး ရာဂဏန်းသွားထည့်ရင်တော့ ပလုံပီပေါ့ကွယ် ရေစက်သာချလိုက်ပါတော့ ။

အွန်လိုင်းမှာ ရင်းနှီးငွေထည့်ပြီး ငွေပြန်ရတယ်ဆိုတာ အလိမ်အညာတွေချည်းပဲဆိုတာ နားလည်သဘောပေါက်ထားရင် မိတ်ဆွေတို့ ဘဝတစ်လျှောက်လုံး အလိမ်မခံရတော့ပါဘူး ။

မေတ္တာဖြင့် Ye Thar
9.1K views14:58
Buka / Bagaimana
2024-05-25 10:33:20 Page အတုတွေကလည်း ရွှေရောင်းတဲ့ Live အတုတွေလွှင့်ပီး မဖြစ်နိုင်တဲ့စျေးနဲ့ ငွေအရင်လွှဲခိုင်းပြီး လိမ်နေကြတယ်

ကွန်ပြူတာထဲမှာ OBS Software ရှိရင် မူရင်း Live ကို Download ဆွဲပြီး Live ကိုလည်း အတုပြန်လွှင့်လို့ရပါတယ် ၊ အသံဖိုင်ဆိုတာလည်း အတုပို့လို့ရပါတယ်

အတဲ့သူတွေကတော့ ပျော်ပျော်ကြီးခံနေရတုန်းပဲ

အတဲ့အထဲ ကိုယ်မပါပါစေနဲ့ ကိုယ့်ကိုကိုယ် အမြဲ Smart ဖြစ်အောင် နေကြပါ ။
9.7K views07:33
Buka / Bagaimana
2024-05-24 18:18:19
မထက်ထက်နိုင် စာရေးတာအရမ်းမြန်တယ်နော်
မသိရင် Paste လုပ်ပီး ပို့နေသလားတောင်ထင်ရတယ်

အဟိ
11.2K views15:18
Buka / Bagaimana
2024-05-24 17:23:24 Viber ကနေ ကောင်မလေးပုံနဲ့လေ

မင်္ဂလာပါရှင့် သမီးကတော့ ဘယ်ကုပ္ပဏီက HR ဘယ်သူဖြစ်ပါတယ်ရှင့် ဆိုပြီးစာလာရင်

သင် ကံစမ်းမဲပေါက်ပြီမှတ်ပါ ( အလိမ်ခံရတော့မှာ)
5.4K views14:23
Buka / Bagaimana
2024-05-22 13:31:18 Youtube Channel လေးကို Subscribe လုပ်ပေးရုံနဲ့ ဝင်ငွေရနေပြီဆိုတာ သင်သိပါသလား.. ?

အဲ့ဒါဆိုရင်တော့ မိတ်ဆွေဆီကို ကျားဖြန့်ရောက်ရှိလို့လာပါပြီ ၊ မကြာခင် ရင်းနှီးငွေပါထည့်ခိုင်းပြီး အလိမ်ခံရတော့မှာပါ ။
8.7K views10:31
Buka / Bagaimana