Get Mystery Box with random crypto!

မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆုံးမမှုတစ်ခု ' ခင်များတို့ ဦးအောင် | Linn Nhyo Taryar (လင်းညှို့တာရာ)

မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆုံးမမှုတစ်ခု

" ခင်များတို့ ဦးအောင်ဇေယျ သိလား သူက ဘုရင်ဗျ ဘုရင်ဆိုတော့ စစ်တိုက်ရတာပေါ့ဗျာ စစ်တိုက်ရပေမယ့် ဦးအောင်ဇေယျ ကြီးက နေ့တိုင်း မပျက်မကွက် ဂုဏ်တော် တစ်ထောင် ပွါးတယ်ဗျ " တဲ့

ဆိုလိုတာက လူတွေလည်း နေ့စဉ်ရက်ဆက် စီးပွါးရေး ကြီးပွားရေး တွေ လုပ်နေရတယ်ဆိုပေမယ့် စရဏတစ်ခု နေ့စဉ်မပျက် မကွက် လုပ်သင့်တယ်လို့
မိန့်လိုတော်မူခြင်း ဖြစ်ပါတယ်။

ဒါမှ ကိုယ်ပေါ် မြင်အပ် မမြင်အပ် တွေက နှောင့်ယှက်ချင်တယ်ဆိုရင် ကိုယ် ထုံ ထားတဲ့ စရဏရဲ့ အစွမ်းသတ္တိကြောင့် နှောင့်ယှက်ချင်တိုင်း နှောင့်ယှက် မရ ဖြစ်မှာပေါ့။ ကိုယ့်မှာ ဘာစရဏမှ အားကိုးစရာ မရှိဘူးဆိုရင် သေချာပါတယ် သူများ စိတ်အနှောင့်ယှက်ပေးတိုင်း ကိုယ့်ရဲ့ စိတ် နောက်နေရပါလိမ့် မယ်။

သူများ နှောက်တိုင်း မနောက်ချင်ဘူးဆိုရင်တော့ ကိုယ် စိတ်ပါတဲ့ ကြည်ညိုတဲ့ ဂုဏ်တော်ဖြစ်စေ မေတ္တာ ဖြစ်စေ ဒါနမှု ဖြစ်စေ တရားရှုမှတ်မှု့ဖြစ်စေ အားကိုးရလောက်အောင်ထိ နေ့စဉ်ရက်ဆက် မှန်မှန် ထုံ ထားမှ အဆင်ပြေမယ်ဆိုတာ သိထားကြပါ။

အားလုံး ကျမ္မာချမ်းသာ ကြပါစေ မှတ်သားနိုင်စွမ်းမြင့်သော နေ့ရက်ပိုင်ဆိုင်နိုင်ကြပါစေ စိတ်ရောကိုယ်ရော ချမ်းသာစစ်ကို တွေ့ရှိနိုင်ကြပါစေ

လင်းညှို့တာရာ