Get Mystery Box with random crypto!

မကြာခင် ကာလ နှစ်ကူးတော့မယ် ကောဇာသက္ကရာဇ် ပြောင်းပြီဆိုတာနဲ့ လူ | Bʏ ɴᴏᴀʜ | 丂ㄩ几 |🐰

မကြာခင် ကာလ နှစ်ကူးတော့မယ်
ကောဇာသက္ကရာဇ် ပြောင်းပြီဆိုတာနဲ့
လူတွေရဲ့ ကံကြမ္မာ ပြောင်းလဲတတ်ပါတယ်

လုပ်တိုင်းဖြစ်
ကြံတိုင်းအောင်လို့လဲ
ငါ ဆိုတဲ့ မာန် နဲ့
အလံမထူနဲ့ဦး

အရာရာရှုံးနိမ့်နေ
ထွက်ပေါက်ရှိမနေလို့လဲ
မြေကြီးလို ခဝါချ
လက်မှိုင်ကျမနေပါနဲ့

ဖြစ်ပျက်နှစ်တန်
လောကဓံ ဆိုတဲ့ အတိုင်း
ဘဝဆိုတာ အဆိုးပဲ မလာနိုင်သလို
အကောင်းတွေချည်းပဲလဲ မလာပါဘူး

ဗေဒင်မှာ လူတိုင်း
ကံကောင်းချိန် သုံးကြိမ်တွေ့နိုင်သလို

လက္ခဏာမှာလဲ
လူငယ် လူလတ် လူကြီး
ကံကြမ္မာသုံးကြိမ်က
ဘဝတွေကို ပြောင်းလဲစေနိုင်ပါတယ်

တချို့က
ငယ်စဥ် ချမ်းသာမယ်
တချို့က
လူလတ်ပိုင်းချမ်းသာမယ်
တချို့က
အိုဇာတာ မှ ချမ်းသာတယ်

ဒီနှစ် မဟာဘုတ် အထက်တန်းစားတွေက
ကြာသာပတေး
တနင်္ဂနွေ
ဗုဒ္ဓဟူး
အင်္ဂါ

မဟာဘုတ်အောက်တန်းမှာနေတာက
သောကြာ
တနင်္လါ
စနေ

အင်္ဂါက အဓိပတိ ဆိုတဲ့အတိုင်း
အကောင်းဆုံးမှာရှိမယ်
ငွေကြေး စည်းစိမ်
ဘုန်းကံအာဏာ အလုံးစုံပြည့်စုံစေမယ်

ဒုတိယ အကောင်းဆုံးက
ဗုဒ္ဓဟူး ဘုန်းကံရှိန် ကြီးမားမယ်
အနုပညာရှင်ဆို လက်ခမောင်းခတ်ထား
အလွန်နာမည်ကြီးမယ်
အနုပညာဆန်တဲ့ အလုပ်
designer မိပ်ကပ်
ရွှေခြည်ထိုး
အနုပညာဆန်တဲ့အလုပ် လုပ်နေသူဆိုလဲ
အလွန် တိုးတက်ကြီးပွားမယ်

တတိယက တနင်္ဂနွေ
လွယ်လင့်တကူငွေရမယ်
ဘာမလုပ်နဲ့ဦး
သိုက်အိမ်က ကျွေးလို့
အစားကောင်းစားရမယ်
အိမ်ကောင်းကောင်းပိုင်ရမယ်

စတုတ္ထက ကြာသာပတေး
ကုန်သည်တွေ အလွန်မြတ်စွန်းမယ်
online shopping ကြာသာပတေးသားသမီးတွေလဲ
ရောင်းပန်းဝယ်ပန်း ပွင့်မယ်
ဒီနှစ်မှာ
ကြာသာပတေး သားသမီးတွေ
ဝန်ထမ်းလုပ်နေရင်
ထွက်ပြီး
ကိုယ်ပိုင်လုပ်ငန်း
ထူထောင်ရင် အောင်မြင်ချမ်းသာမယ်
စားသောက်ဆိုင် အထည် အရောင်းအဝယ်
လုပ်ပါ

သောကြာတွေက
ကြိုးစားရမယ်
အဖန်ဖန်အထပ်ထပ် ကြိုးစားရမယ်
အပျက် အဖျက်တွေကို
ဝီရိယ ရယ် ညဏ်ရယ် ကျော်လွှားရမယ်
ဒီနှစ် သောကြာသားသမီးတွေ ကံကို
အားမထားနဲ့
ကံကို တနှစ်တာမယုံနဲ့
ကံကို ဖယ်ပြီး ကြိုးစားမှ
သောကြာသားသမီးတွေ အောင်မြင်မယ်

တနင်္လါသားသမီးတွေ
ဒီနှစ်လုပ်ငန်းသစ်မထူထောင်နဲ့
လုပ်ငန်းမတိုးချဲ့နဲ့
ငွေမချေးနဲ့
သူတပါးဆီ ငွေ မအပ်နဲ့
ကြီးကျယ်သော ငွေကြေးထိခိုက်မှု
အထူးသတိထားရမယ်
တနင်္လါသားသမီးတွေ
လုပ်ငန်းကို ကျစ်လစ်စွာတည်ဆောက်ပါ
အသုံးအစွဲ လျော့ပါ
အလောင်းကစား လုံးဝ ရှောင်ကြဥ်ပါ

စနေသားသမီးတွေက
ရာထူးအာဏာ ကန့်သတ်ခံရမယ်
သူများတွေ ရာထူးတိုး
လစကောင်းလဲ
ဒီနှစ်တော့မတိုးပဲ ကျန်နေနိုင်တယ်
စနေတွေက နေရာပြောင်း
မြို့ရွာပြောင်း
နိုင်ငံပြောင်းရင် တိုးတက်ကြီးပွားမယ်
လုပ်ငန်းဟောင်းကို စွန့်
လုပ်ငန်းသစ်ဆီ ဦးတည်ပါ
အရာရာကို အသစ်အဆန်းနဲ့ ဘဝကိုတည်ဆောက်ပါ
အဝတ်အစားဟောင်း စွန့်
ထီးဖိနပ် ဟောင်း စွန့်
အဝတ်သစ် ဖိနပ်သစ် ထီးသစ်နဲ့
လုပ်ငန်းသစ်ကို စတင်လုပ်ကိုင်ပါ
ဒါဆို စနေသားသမီးတွေ အထူးအောင်မြင်မယ်

ကျန်းမာချမ်းသာကြပါစေ

Edit
စာ mone man
ပုံ အကိုတယောက်ဆွဲတာ ကြိုက်လို့ကိုထည့်ထားတာ

all credit ပါ
လွန်တာရှိရင် အဟံဝန္တာမိ ပါလို့