Get Mystery Box with random crypto!

နိုင်ငံတိုင်းမှာ သူနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေ အစရှိတဲ့ ဥပဒ | တပ်ကြပ်ကြီး ဖိုးစီ🇲🇲

နိုင်ငံတိုင်းမှာ သူနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေ အစရှိတဲ့ ဥပဒေတွေနဲ့ နိုင်ငံအလိုက်က မိမိတို့နိုင်ငံနဲ့ သင်လျော်ကိုက်ညီတဲ့ ဥပဒေတွေကို အသုံးပြုကြလေ့ရှိတယ်။ထို့အတူ မြန်မာမှာလည်း အဲလိုပါပဲ။နိုင်ငံပိုင်မြေ၊ အစိုးရပိုင်မြေဆိုတာရှိတယ်။ ကိုယ်က တရားဝင် ပိုင်ဆိုင်ထားခြင်းမရှိတဲ့ အဲဒီမြေပေါ်မှာ နေထိုင်ရင်တော့ တစ်ချိန်ချိန်မှာ ဖယ်ရှားခံရမှာ အသေအချာဘဲ။တချို့သော ဥရောပ နိုင်ငံတွေမှာ ဆို ပြည်သူလူထုက မြေကို ထာဝရ ပိုင်ဆိုင်တယ်ဆိုတာ မရှိဘူး။ နှစ်အကန့်အသတ်နဲ့ပဲ ပိုင်ဆိုင်ခွင့်ရှိတယ်။ နှစ်ပြည့်ရင်တောင် နိုင်ငံတော်ပိုင် ပြန်ဖြစ်သွားတာပဲ။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ တည်ဆဲ အစိုးရတွေက အထက်ပါ အချက်တွေနဲ့ မကိုက်ညီခဲ့ဘူးဆိုရင်တောင် တိုင်းပြည်ကောင်းဖို့ လုပ်သင့်ရင် လုပ်ရတဲ့ ကိစ္စတွေရှိတယ်။ဥပမာပြောရရင် လမ်းချဲ့ချင်လို့ လမ်းဘေးဘယ်ညာအိမ်တွေ မြေတွေ နောက်ဆုတ်‌ပေးလိုက်ရတာမျိုးတွေရှိမယ်။ဒီဈေးကိုဖယ်ရှားပြီး ပန်းခြံ သို့ ကလေးကစားကွင်းဆောက်မယ်။ ဒီအတွက်ကြောင့် အခြားတစ်နေရာမှာ ဈေးအစားပြန်ဆောက်ပေးမယ်။ ဒါမျိုးတွေရှိတယ်။ နိုင်ငံတကာမှာလည်း ထိုနည်းတူပဲ။ မြန်မာကျမှ ထူးပြီးဖြစ်နေတယ်ဆိုရင် ပြည်ပထွက်ကြည့်လိုက်ပါဦးလို့ ပြောရမှာပဲ။

https://t.me/Phoesi01233