Get Mystery Box with random crypto!

Nway Oo Che

Logo saluran telegram nwayooche — Nway Oo Che N
Logo saluran telegram nwayooche — Nway Oo Che
Alamat saluran: @nwayooche
Kategori: Politik
Bahasa: Bahasa Indonesia
Pelanggan: 3.00K

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

2

3 stars

0

2 stars

0

1 stars

0


Pesan-pesan terbaru

2024-02-24 08:53:34 The owner of this channel has been inactive for the last 11 months. If they remain inactive for the next 27 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
05:53
Buka / Bagaimana
2023-03-20 17:34:09 Wow Wow ကရင်နီ ကြ-မ်းချက် !
ဒီစာရင်းက ဒီရက်ထဲ တို-က်ပွဲတွေမှာ
စစ်သား ေ-သ-တာ မပါသေးဘူးလေ

မတ်လ ၈ မှ ၁၂ ရက် ၅ ရက်အတွင်း
ရှမ်းတောင် ကရင်နီ တို-က်ပွဲတွေမှာ
စစ်ကောင်တပ် ၈၈ ဦးကျော် ေ-သ-ဆုံး
၁၀ ဦး ဒ-ဏ်ရာရ ၆ ဦး အညံ့ခံလို့
NUG အစိုးရက ထုတ်ပြန်ပါတယ်

@@
10.9K views14:34
Buka / Bagaimana
2023-03-20 16:42:42 စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေ !
NUG က PTT ကို တရားစွဲဆိုမည်
MOGE ဒေါ်လာ သန်း ၂၀၀ ပိတ်ဆို့ခံရ

ထိုင်း PTT ကုမ္ပဏီအနေနဲ့ MOGE
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းထံ
ပေးသည့် အမြတ်အစွန်း၊ရှယ်ယာခွဲတမ်း
ပေးရန်ကျန်ရှိတဲ့ကြွေးမြီများကို NUG နဲ့
ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုစာပို့

ထိုင်း PTT အနေနဲ့ ရက် ၃၀ အတွင်း
NUG နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက
နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ
အငြင်းပွားရာတွင် ဆုံးဖြတ်ပေးနိုင်သည့်
စင်္ကာပူနိုင်ငံက အနုညာတ တရားရုံးမှာ
တရားစွဲဆိုသွားမည့် NUG စီမံဘဏ္ဍဝန်ကြီး
ဦးတင်ထွန်းနိုင်က ပြောကြားလိုက်တယ်

ထွေထူးမှတ်ချက်တော့ မပေးတတ်သေး
နိုင်ငံအချင်းချင်း စီးပွားရေးလုပ်ငန်းများ
အငြင်းပွားရာမှာ ဆုံးဖြတ်တဲ့ တရားရုံးဖြစ်လို့
PTT ဖက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိ
NUG ဖက်က တရားစွဲဆိုတာ စင်္ကာပူ
အနုညာတ တရားရုံးကသာ လက်ခံရင်
အမူနိုင်သည် မနိုင်သည်ထက် NUG ကို
မြန်မာပြည်အစိုးရအနေနဲ့ အသိအမှတ်
ပြုလိုက်တာဖြစ်မယ် ဒါကိုစိတ်ဝင်စားမိ

တဆက်တည်းမှာ အားရဝမ်းသာရတာ
EU ကနေ စစ်ကောင်စီ MOGE ကို
ဒ-ဏ်ခ-တ်ပိ-တ်ဆို့ အရေးယူတာကြောင့်
ရွှေသဘာဝဓာတ်ငွေကရရှိတဲ့ ဒေါ်လာ
သန်း ၂၀၀ ခန့်မှာ စစ်ကောင်စီထံကို
မရောက်ရှိတော့ဘဲ သီးသန့်ဘဏ်စာရင်းမှာ
ထိန်းသိမ်းခံထားရတယ်လို့ သိရတယ်

@@
14.8K views13:42
Buka / Bagaimana
2023-03-20 16:14:46 ဒီတော်လှန်ရေးပြီးရင်တော့
တနှစ်ပတ်လုံး အောင်ပွဲခံသင့်တယ်
သင်္ကြန်ကို အတိုး အရင်းပါ
လေးလတိုင် ကျင်းပကြမယ်

နောက်ထပ်လေးလကတော့
သီတင်းကျွတ် တန်ဆောင်တိုင်
မီးထွန်းပွဲတော်တွေအပါအဝင်
ဘာသာပေါင်းစုံ ပွဲတော်တွေ
ပျော်ပျော်ကြီး ကျင်းပရအောင်

နောက်ဆုံးလေးလကိုတော့
ခရီးသွားရာသီသ-တ်မှ-တ်
နိုင်ငံတော်က ကားလမ်း ရေလမ်း
မီးရထားလမ်း အခမဲ့ စီစဉ်
ပျော်ပျော်ပါးပါး လေးလတိုင်
တနိုင်ငံလုံး ခရီးထွက်ရအောင်

မလောက်ရင် ဟိုဖက်နှစ်ထဲ
ဇန်နဝါရီလထဲ ၂ ပတ်ချေး
ပျော်ပွဲရွှင်ပွဲ လုပ်ရအောင်
အပျော်အပါးကြိုက်တဲ့နိုင်ငံဆိုတော့
မင်းအောင်လှိုင် စစ်အုပ်စု
ကျဆုံးရင် ဒီလောက်တော့
အောင်ပွဲခံသင့်ပါတယ် ဟိ

@@
8.3K views13:14
Buka / Bagaimana
2023-03-20 15:09:13 မင်းအောင်လှိုင် စိုးဝင်းတို့
ခရီးထွက်နေတဲ့ပုံစံအရ
စစ်တပ်ဟာ အတော်ကို
ပုံစံပျ-က်နေပြီ ဖြစ်တယ်

စစ်ခေါင်းဆောင်တွေကိုယ်တိုင်
တပ်ရင်းတွေထဲ ဆင်းပြီး
စည်းရုံးနေရပြီ ဖြစ်တယ်

စစ်ဇုံတွေထဲ ဒေသတွေထိ
လုံခြုံရေးအပြည့်နဲ့သွားပြီး
အောက်ခြေစစ်သားတွေကို
စိတ်ဓါတ်စစ်ဆင်ရေးလုပ်
တို-က်ပွဲဝင်ခိုင်းတာကြည့်ရင်

ဒီစစ်တပ်ဟာ အပေါ်ကနေ
အမိန့်ပေးယုံနံ့ မရတော့ပဲ
အောက်ခြေမှာ ဝါးအစည်း
ပြေသလို မဖြစ်လာအောင်
စည်းရုံးနေရပြီ ဖြစ်တယ်

@@
11.6K views12:09
Buka / Bagaimana
2023-03-20 11:02:23 သင်္ကြန်တွင်း ချောင်သာ ငွေဆောင်ဘက်
သွားမယ့်သူတွေ သတိတော့ထားကြပေါ့
PDF ပါဆိုပြီး တံဆိပ်တပ် ဖ-မ်းခံ-ရမယ် ဟိ

အကျအဆုံးများ တို-က်ပွဲ ပြ-င်းထ-န်နေတဲ့
ကရင် စစ်ကိုင်းဘက် ေ့ရှတန်းထွက်ရမှာ
ကြေ-ာက်နေတာကြောင့် ဧရာဝတီတိုင်းထဲ
PDF စခန်းတွေ ရှိတယ်ဆိုပြီး ရခိုင်ရိုးမနဲ့
ထိဆက်နေတဲ့ ကြံခင်း ရေကြည် သာပေါင်း
ပုသိမ် ချောင်းသာ ငွေဆောင် ငရုတ်ကောင်း
မော်တင်လမ်းသစ်တောတွေအတွင်းဘက်
စစ်ကောင်စီက လစဉ်လတိုင်း တောနင်းပြီး
ရှာဖွေတာတွေ အမြဲပြုလုပ်လေ့ရှိတယ်လို့
ဧရာဝတီတိုင်းမ် မီဒီယာမှာ ဖော်ပြထားတယ်

@@
3.9K views08:02
Buka / Bagaimana
2023-03-20 09:38:34 ကိုယ်ကတော့ တခုတခုလိုရင်
ကိုယ့်မိသားစုထံ တောင်းခံတာပဲ
ရှက်လားဆို မရှက်မိပါဘူးလေ
လူပဲလေ လိုအပ်ချက်ရှိလာရင်
ကူညီနိုင်သူ ရှာရမှာဖြစ်တယ်
အားကိုးရာ အားကိုးချင်တာပေါ့

မိသားစုဆိုတာ သူတို့တတ်နိုင်ရင်
တခါတည်း ကူညီပေးမှာပေါ့
မကူညီနိုင်တဲ့အခါ ငြင်းမိမှာပဲ
သူတို့ မတတ်နိုင်လို့ ငြင်းရင်
ဒါမှမဟုတ် တတ်နိုင်နေရက်နဲ့
မပေးချင်လို့ ငြင်းတာဖြစ်ဖြစ်
အဲဒါဟာ အပြစ်တင်စရာမဟုတ်ဘူး

လူဆိုတာ ကိုယ်ခြေထောက်ပေါ်
ကိုယ်ပိုင် ရပ်တည်ရမှာဖြစ်တယ်
မင်းဖြစ်တည်မှုကို မင်းကိုယ်တု်င်
တာဝန်ယူရမယ့်အရာ ဖြစ်တယ်
ဘယ်သူ့ကမှ မင်းကိုဖြည့်ဆည်းဖို့
မွေးဖွားလာကြတာ မဟုတ်ပါဘူး
မိသားစုဆိုတိုင်းလည်း သူတို့မှာ
သူတိ့ုဘဝနဲ့သူတို့ ရှိနေကြတာမို့
မင်းအတွက် မွေးဖွားလာတာမဟုတ်ဘူး

၁၈ နှစ်ကျော်ရင် မြန်မာပြည်မှာဆို
၂၅ ကျော်ရင် ကိုယ်ခြေထောက်ပေါ်ကိုယ်
ကိုယ်ပိုင်ဘဝ ရပ်တည်နေနိုင်ရမယ်
အခက်အခဲတွေရှိလာရင် ကိုယ်တိုင်
ဖြေရှင်းနိုင်ရမယ် ရင်ဆိုင်နိုင်ရမယ်
ကူညီတောင်းတာ ရှက်စရာမဟုတ်
အကူအညီမရင် ဘယ်သူ့အပေါ်ကိုမှ
ပြစ်တင်နေလို့မရတာ သိဖို့လိုတယ်

ကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်ရမယ်
ကိုယ်လျှောက်တဲ့လမ်း ကိုယ်ယုံကြည်ချက်
ကိုယ်တိုင် တာဝန်ခံလိုစိတ် ရှိရမယ်
မင်းက ကောင်းခဲ့ဖူးလို့ မင်းအပေါ်ကို
ပြန်ကောင်းရမယ်ဆိုတာမျိုးမရှိပါဘူး
မင်းကကောင်းထားဖူးလို့ မင်းအပေါ်
ပြန်ကောင်းပေးရင် မင်းကမိတ်ဆွေစစ်
ရခဲ့တာဖြစ်ပြီး မင်းက ကောင်းခဲ့ရက်
မင်းလိုအပ်ချိန် မင်းပေါ်ပြန်မကောင်းရင်
မင်းက လူပေါင်းမှားခဲ့တာဖြစ်တယ်

ဘာရယ်မဟုတ်ပါဘူး တော်လှန်ရေးဆိုတာ
ဘယ်သူကမှ အတင်းတို-က်တွန်းခဲ့လို့
တော်လှန်နေကြတာမဟုတ်ပဲ ကိုယ်ပိုင်
ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်ခဲ့တာဖြစ်လို့
ကိုယ်ရောက်တဲ့နေရာ ကိုယ့်အဖွဲ့အစည်း
လိုအပ်ချက်နဲ့ အခက်အခဲတွေရှိလာရင်
အကူအညီဆိုတာ ကူညီတောင်းလို့ရတဲ့
ဘယ်သူပေါ်မဆို အကူအညီတောင်းရမယ်
နည်းလမ်းတွေရှာရမယ် ရတာ မရတာ
ဘယ်သူပေါ်ကိုမှ ပြစ်တင်နေလို့မရဘူး

မင်းကို တော်လှန်ရေးက တာဝန်ယူရမှာမဟုတ်
မင်းက တော်လှန်ရေးကို တာဝန်ယူဖုု့ိ
တော်လှန်ရေးထဲ ပါလာတာမမေ့ပါနဲ့
ကိုယ်ယုံကြည်တဲ့လမ်း လျှောက်တာ
ပြသာနာဖြစ်လာရင် နည်းမှန်လမ်းမှန်
ဖြေရှင်းတတ်တဲ့ ဆင်ခြင်တုံတရားရှိပါ
လူသန်းပေါင်းများစွာ ကယ်တင်နိုင်ဖို့
လူပေါင်းများစွာ နိုင်ရာဝန်ထမ်းပြီးတော့
လျှောက်နေကြတဲ့ တော်လှန်ရေးဖြစ်လို့
ကိုယ့်တာဝန်ကိုယ် ကျေဖို့အားစိုက်ပါ
လူတွေကို ပြစ်တင်လိုစိတ် လျှော့ပါလေ

@@
3.6K views06:38
Buka / Bagaimana
2023-03-20 08:44:00 တကယ့်ကို အားရဖို့ကောင်းတဲ့သတင်း !

မင်းအောင်လှိုင် နမခ ထဲ ရောက်နေချိန်
တမြိ့ုလုံး လုံခြုံရေးတွေ တိုးချထားချိန်
ဒီလိုတို-က်ခို-က်နိုင်တာ အားရချက်ပဲ
ဒါအပြင် မင်းအောင်လှိုင် ဒီနေ့ ဒီချိန်မှာ
ဒီနေရာလာမယ်ဆိုတာ ကိုယ့်ဘက်က
သတင်းအတိအကျ ရထားနိုင်တာကို
ကြည့်မယ်ဆိုရင် စစ်ထောက်လှမ်းရေး
ဘယ်လောက်အားကောင်းနေလဲသိနိုင်
စစ်တပ်ထဲ ဖရဲသီးတွေ ဘယ်လောက်
များနေလည်းဆိုတာကို မြင်နိုင်ပါတယ်

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်
နမခ ထဲ မင်းအောင်လှိုင် ရောက်ရှိနေချိန်
PDF ပူးပေါင်းတပ်ဖွဲ့တွေက နမခထဲ ကို
လ-က်နက်ကြီး ၈ လုံးဖြင့် ပ-စ်ခ-တ်ခဲ့ရာ
၅ လုံးမှာ စစ်တပ် စခန်းဂိတ်များပေါ်ကျရောက်
ပေါ-က်ကွဲ-ခဲ့တယ်လို့ ခေတ်သစ်ဖော်ပြ

@@
3.2K views05:44
Buka / Bagaimana
2023-03-20 07:22:45 ယု-န်လေးက ပရဟိ-တ လုပ်ပြပြီး
အတန်-ရှင် ရှာနေတာ တွေ့တယ်
အလှူရေစက် လက်နဲ့မကွာဆိုပြီး
ဘာသ-ာရေးဂျင်း ထည့်ခံရတဲ့တိုင်းပြည်မှာ
မသမာနည်းနဲ့ ချမ်းသာလာသူတွေ
သူတို့မကောင်းမှုကို ဖုံးကွယ်ချင်ရင်

နာမည်ကြီးတွေ ဆယ်လီတွေဟာ
သူတို့ရဲ့ မကောင်းတဲ့အစိတ်အပိုင်း
ဖုံးကွယ်ချင်လာတဲ့အခါ လူတွေက
သူတို့ကို ပြန်လက်ခံလာဖို့ လုပ်ချင်ရင်
ပရဟိတတွေ လုပ်ပြတော့တာပါပဲ

စစ်ခေါင်းဆောင်တွေ အပါအဝင်
စစ်အုပ်စုတွေ စစ်ေ-ဘ-ာမတွေ
ဒီနည်းလမ်းကို အသုံးပြုပြီးတော့
သူတို့ပုံရိပ် ဆွဲတင်ဖို့ ကြိုးစားကြတယ်
သူတို့ကို ထောက်ခံတဲ့လူတန်းစား
တရပ်ကို ရသလောက်ရှာခဲ့တယ်
ကျေးဇူးရှင်ပုံစံတွေ လိုချင်ကြတယ်

တိုင်းပြည်က နိမ့်ကျလာပြီးတော့
အထွေထွေ အကြပ်အတည်းဖြစ်နေချိန်
အောက်ခြေလူတန်းစားတွေဘဝ
တနေ့တာဖြစ်ဖြစ် တနပ်စာဖြစ်ဖြစ်
အဆင်ပြေသွားရင် သူတို့ဘဝတွေ
နေလို့ကောင်းတဲ့ တနေတာဖြစ်မှာပါ

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်
ပြောတာလေးကို သတိရမိပါတယ်
တခ့ျိုတွေက ဆီပေးတယ် ဆန်ပေးတယ်
ငွေပေးတယ် စည်းရုံးလာတဲ့အခါ
လိုအပ်ချက်မြင့်မားနေတဲ့သူတွေက
ဘာပေးပေး မငြင်းဆန်ပဲယူလိုက်ပါ
မဲပေးတဲ့အခါ ကျမတို့ NLD ပါတီ
မဲထည့်ပေးပါလို့ပြောတာ သတိရမိ

ဟုတ်ပါတယ် တနေ့တာလိုအပ်ချက်
တခဏတာလိုအပ်ချက် ပြည့်မယ်ဆို
စစ်အုပ်စု စစ်ေ-ဘ-ာမတွေ ဘာပေးပေး
ယူလိုက်ကြပါ ဒါပေမယ့် ဘယ်တော့မှ
စစ်အုပ်စု စစ်ေ-ဘ-ာမ ဒီလူတန်းစားကို
အသိအမှတ်မပြုပါနဲ့ မထောက်ခံပါနဲ့
ဒီလူတွေ အကြ-မ်းဖက်သမားတွေမို့ပါ

တိုင်းပြည် ဆင်းရဲ နိမ့်ကျလာတာဟာ
နိုင်ငံရေးစနစ် မကောင်းလို့ဖြစ်တာပါ
အကြ-မ်းဖ-က်အုပ်စု အုပ်ချုပ်နေလို့
ဒီတိုင်းပြည်က အထွေထွေအကြပ်အတည်း
ဆိုက်နေတာဖြစ်ပါတယ် ဒီတိုင်းပြည်
ဒီလိုဖြစ်နေတဲ့တရားခံဟာ စစ်တပ်နဲ့
စစ်အုပ်စု စစ်တပ်ကို ထောက်ခံနေတဲ့
စစ်ေ-ဘ-ာမတွေဖြစ်တာ မမေ့လိုက်ပါနဲ့

ကိုယ်ကလိုအပ်နေတယ်ဆိုရင်တော့
ပေးရင် ယူလိုက်ကြပါ ဘယ်တော့မှ
ဒီလူတန်းစားတွေကို အားမပေးကြပါနဲ့
သူတို့ဟာ သူတို့အကြ-မ်းဖက်မှုတွေ
သူတို့မကောင်းမှုတွေ ဖုံးကွယ်ချင်လို့
လူတွေကို ဂျင်းထည့်နေတာဖြစ်တယ်

@@
3.0K views04:22
Buka / Bagaimana
2023-03-19 17:09:54 နေပြည်တော် မနီးမဝေးမှာ စစ်တပ်ရဲ့
ရှမ်းတောင် ကရင်နီစစ်ဆင်ရေးသစ်
ဒီတိုင်းဆိုရင် စစ်ဦးကျိုးပါတော့မယ်
ကရင်နီ ပူးပေါင်းတပ်တွေ ညီချက်က
အတော်လေး အားရဖိ့ုကောင်းတယ်

ဒီလိုပါပဲ ချင်းပြည်စစ်ဆင်ရေးသစ်က
ယောဒေသထဲက မကျော်နိုင်ဖြစ်
ချင်းပြည်ထဲ ဝင်လာရင် အတော်
အ-ေ-ကျွး-ခံ-ရမှာ ေ-သချာတယ်

တနင်္သာရီတိုင်း စစ်ဆင်ရေးသစ်က
သတင်းတွေ သိပ်မထွက်လာသေး
ပုလောဖက်မှာ တို-က်ပွဲရှိနေတယ်
မကွေးနဲ့ စစ်ကိုင်းထဲမှာ အရပ်သားရွာ
အ-ထိ-န-ာနေတာတွေ ရှိပါတယ်
တဖက်မှာ အသာရတို-က်ပွဲရှိတယ်

ဒီကြားထဲ ပူတာအိုမှာ KIA ေ-ကျွး-နေ
စစ်ကိုင်းမြောက်ပိုင်း ကချင်ပြည်ထဲမှာ
သတင်းတွေ မထွက်လာပေမယ့်လည်း
တို-က်ပွဲတွေ ခဏ ခဏ ဖြစ်နေပါတယ်

ကြာအင်းဆိပ်ကြီးမှာ ကရင်ပြည်နယ်
ပူးပေါင်းတပ်တွေက ေ-ကျွး-နေတယ်
နေပြည်တော်နဲ့ အနီးဆုံး ပဲခူးတိုင်းထဲ
KNLA PDF ပူးပေါင်းတပ်တွေ တိုးတိုး
တိတ်တိတ် ကြိ-တ်နေတာ ရှိပါတယ်

တ-ရု-တ်နိုင်ငံနယ်စပ် ရှမ်းမြောက်ပိုင်းနဲ့
ကချင်ထဲက တပ်ရင်းတွေ ထုတ်နှုတ်ပြီး
ကရင်နီ ရှမ်းတောင် ချင်း မကွေး စစ်ကိုင်း
တနင်္သာရီတိုင်းထဲ စစ်ကြောင်းထိုးနေတာ
စစ်ဦးကျိုးအောင် လုပ်နိုင်ရင် စစ်တပ်က
နောက်ပြန်လှန်ကျသွားမှာ ေ-သချာတယ်
ဒီရက်ထဲ တို-က်ပွဲ ပိုပြင်းထန်လာနိုင်လို့
ပိုကလစ် ပိုထောက်ပံ့ဖို့ တိုက်တွန်းပါတယ်

@@
3.0K viewsedited  14:09
Buka / Bagaimana
2023-03-19 13:14:02 NUG ဆီကနေ အထောက်အပံ့
မရရင် မတော်လှန်တော့ဘူးလို့
ပြောနေတဲ့သူတွေလည်း မသိရင်
NUG ကပဲ သူတို့ကို ပေါ်တာဆွဲ
တော်လှန်ခိုင်းထားသလိုလို ဟိ

@@
2.7K views10:14
Buka / Bagaimana
2023-03-19 09:15:00 စစ်ကောင်စီရွေးကောက်ပွဲ မလုပ်ဖြစ်ဖို့
ေ-သချာသလောက် ရှိနေပေမယ့်လည်း
တခ့ျိုပါတီတွေက စစ်ကောင်စီအလိုကျ
စစ်ကောင်စီသ-တ်မှတ်ချင်နဲ့ မှတ်ပုံတွေ
ပြန်တင်နေကြတယ် မှတ်ပုံတင်နေကြတဲ့
နိုင်ငံရေးပါတီတွေ မှတ်တမ်းတင်ထားပြီး
ခံယူချက်ကြောင့် မှတ်ပုံမတင်တဲ့ပါတီကို
မှတ်တမ်းတင်ထားပြီး အသိအမှတ်ပြုရမယ်

မတ်လ ၂၈ ရက် နောက်ဆုံးထားပြီး
နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ်
စစ်ကောင်စီ ရွေးကော်ထုတ်ပြန်ချက်
ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်
SNLD ပါတီက မှတ်ပုံမတင်ရန်ဆုံးဖြတ်

နိုင်ငံရေးပါတီတခုအတွက် မှတ်ပုံတင်
ရှိနေတာက အရေးကြီးတဲ့အရာမဟုတ်ဘဲ
လူထုထောက်ခံမှု စုဖွဲ့မှု လူထုကောင်းရာ
ကောင်းကျိုးကို တနည်းမဟုတ်တနည်းနဲ့
လုပ်နိုင်နေဖို့လိုအပ်သလို၊ လုပ်စရာတွေ
ရှိနေတယ်လို့ SNLD ပြောဆိုခွင့်ရသူ
ဦးစိုင်းလိတ်က BBC ကို ပြောပါတယ်

@@
2.7K views06:15
Buka / Bagaimana
2023-03-19 07:38:45 မနေ့က ဧရာဝတီမီဒီယာထဲပါတဲ့
တိန့်ရှိကျွန်းနဲ့ မြန်မာစစ်တပ်၏
စစ်ဆင်ရေးသစ်များဆောင်းပါး
ဖတ်ဖို့သင့်တဲ့ ဆောင်းပါတခုပါ

ချင်း ကရင်နီ ရှမ်းတောင် မကွေး
စစ်ကိုင်း တနင်္သာရီတိုင်းထဲမှာ
စစ်တပ် စစ်ဆင်ရေးသစ်ဆင်နေတာ
တ-ရု-တ်အစိုးရနဲ့ ဘယ်လိုတွေ
ပတ်သက်မှု ရှိနေလဲဆိုတာတွေ
အကျိုးအကြောင်း အချက်အလက်
အချိတ်အဆက်မိမိ ရေးပြထားတာ
စိတ်ဝင်စားဖို့ကောင်းသလို ဖတ်ဖို့
လိုအပ်တဲ့ ဆောင်းပါးတခုဖြစ်တယ်

မြောက်ပိုင်း ERO ၇ ဖွဲ့နဲ့ တ-ရု-တ်
နိုင်ငံကြား နီးစပ်တဲ့ နယ်မြေတွေမှာ
တ-ရု-တ်အစိုုးရဘက် အာမခံချက်
ပေးခဲ့တာကြောင့် ကချင် ရှမ်းမြောက်
တ-ရု-တ်နယ်စပ်မှာ စစ်တပ် တပ်ရင်း
၃၀ လောက် ထုတ်နှုတ်သွားပြီးတော့

ထုတ်နှုတ်သွားတဲ့အင်အား တပ်ရင်း ၃၀
စစ်သား ၃၀၀၀ ကျော်ခန့်ကို သုံးစွဲပြီး
ရှမ်းတောင် ကရင်နီ ချင်း တနင်္သာရီ
မကွေး စစ်ကိုင်းတို့မှာ အင်အားသုံးပြီး
အကြ-မ်းဖ-က်တာကြောင့် ပင်လောင်းဖြစ်စဉ်က
တ-ရု-တ်အစိုးရ ပေါ်လစီအမှားတွေနဲ့
မကင်းဘူးဆိုတာ သုံးသပ်ပြထားတာ
တကယ်ဖတ်သင့်တဲ့ဆောင်းပါးတခုပါ

ဧရာဝတီဆောင်းပါးထဲ သုံးသပ်သလို
တ-ရု-တ်နယ်စပ်မှာ တို-က်ပွဲမဖြစ်ဖို့
မြောက်ပိုင်း ၇ ဖွဲ့ထံမှ တ-ရု-တ်ကနေ
အာမခံချက် ယူပေးခဲ့တယ်ဆိုရင်တော့
အဲဒီနယ်စပ်က တပ်တွေ ပြည်တွင်းထဲ
လှည့်သုံးလို့ရအောင် စစ်တပ် စစ်ပန်း
သက်သာအောင် သွယ်ဝှိုက်ကူညီတာပါပဲ

အဲဒီအင်အားတွေကိုသုံးပြီး ပြည်တွင်းထဲ
စစ်တပ်က အကြ-မ်းဖ-က်နေတာကြောင့်
အဲဒီအကြ-မ်းဖ-က်မှုတွေဟာ တ-ရု-တ်အစိုးရ
ပေါ်လစီကြောင့် ဖြစ်လာတာမို့ တ-ရု-တ်နဲ့
မကင်းလို့ပြောရင် လ-က်ခံရမှာဖြစ်တယ်

တို-က်ပွဲဖြစ်ပွားမှုနည်းတဲ့ တ-ရု-တ်ပြည်
နယ်စပ်နဲ့ နီးစပ်တဲ့ တပ်ရင်းတွေကိုသာ
ထုတ်နှုတ်ယူသွားပြီး တ-ရု-တ်နယ်စပ်နဲ့
နည်းနည်းလှမ်းတဲ့ တပ်ရင်းတွေကိုတော့
ယခင်အတိုင်း ဆိုင်ထားတယ်လို့ ဆိုတယ်

လက်ရှိ အနေအထားအတိုင်းသာဆိုရင်
မြန်မာအရေးမှာ တ-ရု-တ်အစိုးရပေါ်လစီ
ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်ဖို့လိုနေပြီး
သူတို့ဘာဖြစ်ချင်နေတာလဲ ကိုယ့်ဖက်က
ဘာတွေ တုံ့ပြန်ဖို့ရနိုင်မလဲ ပြတ်ပြတ်သားသား
ဆုံးဖြတ်ရမယ့်အချိန်တခုလို့ မြင်မိတယ်

မြောက်ပိုင်း ERO ကြီးတွေ နယ်စပ်မှာ
စစ်ရေး စီးပွားရေး အထွေထွေအရေးနဲ့
ရင်းမြစ်လိုအပ်ချက်တွေ တ-ရု-တ်အပေါ်
မှီခိုထားရတာဖြစ်လိ့ု တ-ရု-တ်အစိုးရရဲ့
သြဇာသက်ရောက်မှု ကြီးမားနေပေမယ့်
မြန်မာပြည်သူတွေအဖို့ အထူးသလည်
သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး

တ-ရု-တ်က သူဟာသူနေမယ်ဆိုရင်
မြန်မာပြည်သူတွေက ကိုယ့်ဟာကိုယ်
နေမှာဖြစ်ပြီး လိုအပ်ရင်တော့ ဘယ်သူ့မှ
ကြေ-ာက်နေမှာမဟုတ်ဘူးဆိုတာကို
ပြဖို့လိုအပ်တယ်ဆို ပြချိန်တန်နေပါပြီ

@@
2.8K views04:38
Buka / Bagaimana
2023-03-18 16:50:00 အားရဖို့ကောင်းတဲ့ မကွေးနဲ့ ချင်းစစ်ရေး

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ
မိုင် ၁၀၀ ခန့်သာ ဝေးတဲ့ ချင်းပြည်ထဲ
ပုံမှန်ဆို ၃ နာရီသာ ကြာတဲ့ ခရီးတခုကို

စစ်ကား ၈၀ ပါ စစ်ကောင်စီယာဉ်တန်း
တပတ်ကျော်တဲ့ထိ မိုင် ၂၀ အတွင်းပဲ
ရှိနေပြီး ပေါက်မြိ့ုနယ်နဲ့ ကျောက်ထုမြိ့ုနယ်ကို
ဖြတ်းသန်းချိန် PDF LDF တွေကနေ
ကြားဖြ-တ်တို-က်ခို-က်တာ ၂၀ ကျော်
ေ-သ-ပြီး အခုထိ မရောက်နိုင်သေးဘူးတဲ့

@@
2.4K views13:50
Buka / Bagaimana
2023-03-18 15:01:21 UN လက်အောက်ခံ အဖွဲ့အစည်းတွေဟာ တိုက်ပွဲဇုံထဲ နယ်မြေတွေကို ဖြတ်သန်းသွားလာတဲ့အခါ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေကို အကြောင်းကြားခြင်းမရှိ သွားလာနေကြတယ်ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်

ဒီသတင်းကအမှန်ဆိုရင် UN အဖွဲ့အစည်းတွေရဲ့ အတော်လေး ဆင်ခြင်မဲ့တဲ့လုပ်ရပ်တွေဖြစ်ပါတယ် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသာနာတွေမဖြစ်ဖို့ အဲဒါနဲ့ပတ်သက် NUG အနေနဲ့ ထိထိရောက်ရောက် သတိပေးချက် ထုတ်ပြန်ဖို့ လိုအပ်ပါတယ်

နိုင်ငံတကာအဖွဲ့အစည်းတွေ UN အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှု အကူအညီပဲပေးပေး ဘယ်လိုအကူအညီပဲပေးပေး ဘယ်နိုင်ငံမှာဖြစ်ဖြစ် စစ်ဇုံထဲသွားလာမယ်ဆိုရင် နှစ်ဖက်အဖွဲ့အစည်းတွေကို ကြိုတင်အကြောင်းကြားပြီးမှ သွားလာရတာမျိုးပါ

သွားလာတာတောင် ဘယ်ဒေသ ဘယ်နေရာ ရက်အတိအကျ အချိန်ခန့်မှန်း ကားအရေအတွက် ကားနံပါတ် ခန့်မှန်းလူအရေအတွက် တာဝန်ခံအရာရှိ သယ်ဆောင်လာမယ့်ပစ္စည်း ဘာအတွက် သွားလာလိုတယ် စသဖြင့် အချက်အလက်အပြည့်အစုံ တင်ပြပြီး ဖြတ်သန်းခွင့် တောင်းရပါတယ်

ဒီလိုအချက်အလက်တွေနဲ့ တင်ပြလာတော့မှ စစ်ဇုံထဲအဖွဲ့အစည်းတွေက မိမိတို့နယ်မြေအတွက် အန္တရာယ်မရှိလောက်ဘူးလို့ ယုံကြည်တဲ့အခါမှာ ဖြတ်သန်းခွင့်ပေးပါတယ် လမ်းကြောင်းမှာ ရှောင်တခင်စစ်ဆေးတဲ့အခါ ကြည်ဖြူစွာ လက်ခံပါမယ်ဆိုတာကို လက်ခံရပါတယ် ဒါမှသာ ဖြတ်သန်းခွင့်ရပါတယ်

ဒါက စစ်ဇုံထဲ ဖြတ်သန်းသွားလာလိုရင် လုပ်ထုံးလုပ်နည်းပါပဲ ဒါကို လက်မခံဘူး ငါတို့က စစ်တပ်ကို အသိပေးထားပြီးသား ဒေသခံအဖွဲ့တွေကို အကြောင်းကြားဖို့မလိုဘူး ဖြတ်သန်းမယ်ဆိုရင် လမ်းမှာ ကိုယ်ဖြစ်ကိုယ်ခံရမှာဖြစ်တယ်

မလိုလားအပ်တဲ့ပြသာနာဆိုတာ တို-က်ပွဲဇုံထဲနယ်မြေထဲကို စစ်တပ်ဟာ သူ့တပ်အေ့ရွှအပြောင်းကို လူသားချင်းစာနာမှုပုံစံ နိုင်ငံတကာအဖွဲ့အစည်းပုံစံ ပုံမှားရို-က်ပြီးတော့ သွားလာတာမျိုး အမြတ်ထုတ်တာမျိုးဖြစ်လာရင် မှားယွင်းတို-က်ခို-က်မှုတွေ ဖြစ်လာနိုင်သလို မှားယွင်းဖြ-တ်သန်းခွင့်ပေးလိုက်ရင် ဒေသခံတပ်ဖွဲ့တွေအတွက် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်

ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ဘယ်အဖွဲ့အစည်းမဆို စစ်ဇုံထဲသွားလာလိုတယ်ဆိုရင် နှစ်ဖက်အဖွဲ့အစည်းတွေကို ကြိုတင်ခွင့်ပြုချက်တောင်းခံပြီးတော့မှ သွားလာရတာမျိုးဖြစ်တယ် ဒါကို နိုင်ငံတကာအဖွဲ့အစည်းတွေ UN လက်အောက်ခံအဖွဲ့အစည်းတွေက သိပြီးသားဖြစ်ပါတယ်

ဒါကို သိရက်နဲ့ လိုက်နာရမှန်းမသိတာဟာ တဖက် ဒေသခံအဖွဲ့အစည်းတွေကို မလေးစားတာ မထီမဲ့မြင်လုပ်တာမျိုးတွေ ဖြစ်ပါတယ် မလိုလားအပ်တာတွေကို မဖြစ်ဖို့ကို ဒါကို ကြိုတင်ပြီး အသိပေးဖို့ လိုအပ်တယ် UN လက်အောက်ခံအဖဲွံ့အစည်းတွေ လိုက်နာဖို့လိုပါတယ်

ကိုယ်ဘက်က ကြိုတင်သတိပေးချက် ထုတ်ပြန်ထားမယ် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားပြီးသားဖြစ်ရင် အဆိုပါအဖဲွံ့အစည်းတွေက မလိုက်နာရင် မလိုက်နာသူ အပြ-စ်သာဖြစ်ပါတယ်

@@
2.9K views12:01
Buka / Bagaimana
2023-03-18 08:17:14 ဆင်းရဲသည် ချမ်းသာသည်ထက်
လိုအပ်ချက်များတဲ့မိသားစုတွေ
ပိုပြီး ရန်ဖြစ်ပွဲဆူလေ့ရှိပါတယ်
အပြန်အလှန် နားလည်မှုမရှိတဲ့
မိသားစုဆိုရင် ပိုပွဲဆူတတ်တယ်

ဒါက သိပ်လည်း အဆန်းမဟုတ်
မိသားစုဟာ မိသားစုပဲ ဖြစ်တယ်
ဘုံရန်သူ ရှိလာတဲ့အခါ ဘုံရန်သူ
အတူတကွရင်ဆိုင်တာလည်းမိသားစုပဲ

မိသားစုစိတ်ဓါတ် မပျောက်ပါစေနဲ့
မိသားစုစိတ်ဓါတ် ပျောက်သွားရင်
မိသားစုထဲ ပြန်ပြီး ဝင်မလာပါနဲ့
မိသားစုထဲမှာ မိသားစုစိတ်ဓါတ်
မရှိတဲ့သူပါလာရင် ဒီမိသားစုက
ဘယ်တော့မှ မငြိမ်းချမ်းတော့ဘူး

တော်လှန်ရေးဟာလည်း ထိုနည်း၎င်းပဲ
လိုအပ်ချက်တွေ များလာတဲ့အခါမှာ
အချင်းချင်းကြား ပွတ်တို-က်မှုတွေ
ပိုပြီးဖြစ်လာမယ် ပိုပြီး ပွဲဆူလာမယ်
တော်လှန်ရေးရဲဘော်ရဲဘက်စိတ်မရှိရင်
အချင်းချင်းကြား မငြိမ်းချမ်းတော့ဘူး

လိုအပ်ချက်များလွန်းတဲ့တော်လှန်ရေးပါ
အပြန်အလှန် နားလည်မှု မရှိနေရင်
အပြန်အလှန် လေးစားမှု ပျောက်ရင်
အတူတကွ တော်လှန်နေမယ့်အစား
ကိုယ်ထူကိုယ်ထ သီးခြားတော်လှန်ပါ

@@
2.7K views05:17
Buka / Bagaimana
2023-03-18 07:07:09
ပူတင် အဖြစ်ကလည်း
မင်းအောင်လှိုင်ကို သနားလို့
ဓါတ်ပုံလေးတခါလောက်
အရို-က်ခံ-လိုက်ပါတယ်

ကမ္ဘာ့ချဉ်ဖတ်အဖြစ်ကနေ
ICC ကနေ ဖမ်းဝရမ်း
အထုတ်ခံလိုက်ရပြီ ဟိ
ဆရာပြီးရင် တပည့်ပေါ့

@@
2.3K views04:07
Buka / Bagaimana
2023-03-18 06:11:13 အမှတ်မမှားရင်တော့ ICC မှာ US ရော တ-ရု-တ် ရုရှားပါ လက်မှတ်မထိုးထားဘူး ICC ဆိုတာ လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်ဖို့လိုတယ် လက်မှတ်ထိုးထားရင်တောင်မှ ဖမ်းဝရမ်းထုတ်ခံရသူကို အရေးယူဖို့ဆိုရင် သက်ဆိုင်ရာနိုင်ငံရဲ့ အာဏာပိုင်အစိုးရနဲ့တရားရုံးတွေရဲ့ ခွင့်ပြုချက်လိုတယ်

ချွင်းချက်တခုရှိတာကတော့ UN လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူဖို့ဆုံးဖြတ်ချက်ချခဲ့ရင် အရေးယူပိုင်ခွင့်ရှိပါတယ် ဒါလည်း UNSC မှာ ဗီတိုအာဏာနဲ့ပယ်ချနိုင်ခွင့်က ရှိပြန်တယ်

ဥပမာ ပူတင်လိုလူမျိုးမပြောနဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရင်တောင် မင်းအောင်လှိုင်ကို ဖမ်းဖို့ဆိုရင် သက်ဆိုင်ရာအစိုးရ ခွင့်ပြုမှ အဲဒီအစိုးရအာဏာပိုင်တွေက ရှာဖွေဖမ်းပြီးတော့ ရုံးတင်ပေးမှသာ အရေးယူနိုင်တာမျိုးပါ

မင်းအောင်လှိုင်က အစိုးရဖြစ်နေသေ့ရွ ICC က ဖမ်းဝရမ်းထုတ်လည်း ထုတ်တာပဲရှိမှာ ICC လက်မှတ်ထိုးထားတဲ့နိုင်ငံတွေကိုတော့ ခရီးသွားဖွင့် မရတော့ဘူးပေါ့ ဒါမယ့် အဲနိုင်ငံတွေက လုံခြုံရေးအာမခံချက်ပေးရင် သွားကြတာပါပဲ

ဒါက မြင်သာအောင် ဥပမာပေးတာပါ ပူတင်လိုလူမျိုးဆိုရင် စဉ်းစားကြည့်ပေါ့ နိုင်ငံရေးအရတော့ ထိုးနှက်ချက်တခုဖြစ်သွားမယ် အရေးယူသက်ရောက်မှုကတော့ ထွေထူးရှိလာမှာ မဟုတ်ပါဘူး

၂၀၁၈ US မှာ ထရမ့်အစိုးရလက်ထက်ကအာဖဂန်မှာ US စစ်သားတွေကို ICC က စစ်ဆေးမယ်လေသံထွက်လာတာနဲ့ ICC အရာရှိတွေကို US ပြည်ဝင်ခွင့်တောင် ပိ-တ်-ချ-လိုက်ဖူးပါတယ် ဘာမှဆက်မဖြစ်တော့ပါဘူး

ကမ္ဘာမှာ ICC ကနေ ဖမ်းဝရမ်းထုတ်ထားလည်း အစိုးရခေါင်းဆောင်နေရာမှာရှိနေသေ့ရွ အနေအစားမပျက်တဲ့ စစ်ရာဇဝတ်ခေါင်းဆောင်တွေ အများကြီးရှိဖူးပါတယ် ဒါတော့ ICC ဖမ်းဝရမ်းနဲ့ အကျိုးသက်ရောက်မှု ပြောပြတာပါ

ကိုယ်တွေနိုင်ငံမှာလည်း မင်းအောင်လှိုင်အုပ်စုကို ICC ပို့ချင်ရင် တော်လှန်ရေးနိုင်ဖို့လိုတယ် တော်လှန်ရေးမနိုင်ပဲ ICC ကနေ မင်းအောင်လှိုင်တို့ကို ဖမ်းဝရမ်းထုတ်လည်း ထွေထူးသက်ရောက်မှု သိပ်ရှိလာမှာမဟုတ်ပါဘူး

အဲလိုပြောလို့ ICC က အလကားလားဆိုတော့လည်းမဟုတ်ပါဘူး စစ်ရာဇဝတ်မှုတွေ လူ-မျိုး-တုံး-သ-တ်ဖြ-တ်မှုတွေကို ကမ္ဘာသိမှတ်တမ်းတင်ဖို့ အကြ-မ်းဖ-က်စစ်ခေါင်းဆောင်တွေကို ICC ကို တင်နိုင်ဖို့ ကြိုးစားရပါမယ် ဒါမယ့် တော်လှန်ရေးမနိုင်ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး တော်လှန်ရေးနိုင်ဖို့ ပိုကြိုးစားရမယ်လို့ ပြောချင်တာပါ

@@
2.3K viewsedited  03:11
Buka / Bagaimana
2023-03-18 04:25:22 မောနီး !

မစ-ားရတာကြာပြီဖြစ်တဲ့
တရာကျော် မုန့်ဟင်းခါးနဲ့
တော်လှန်သောနေ့သစ်စရအောင်

မနေ့က စာရင်းတွေအရ
ဖယ်ခုံ ၄၅ ကြာအင်းဆပ်ကြီး ၄၀
ထီးလင်း ၄၀ အပါအဝင်
တနိုင်ငံလုံး စစ်ကောင်စီ
၁၅၆ ကေ-ာင် ေ-သ-ဆုံး

မင်္ဂလာရှိတဲ့ တော်လှန်သောနေ့သစ်ပါ

@@
2.2K views01:25
Buka / Bagaimana
2023-03-17 17:14:09 တောင်ပိုင်း ကရင်ပြည်ကလည်း ကြိ-တ် !

ကြာအင်းဆိပ်ကြီးထဲ နယ်ကျော်ဝင်လာတဲ့
အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းကို
KTLA KNLA PDF ပူးပေါင်းတပ်တွေ
စောင့်ကြိုတို-က်ခို-က်ရာ စစ်ကောင်စီတပ်
၄၀ ကျော် ေ-သ-ဆုံး ၃၀ ကျော် ဒ-ဏ်ရာရ
ကစဥ့်ကလျား-ထွက်ေ-ပြး-သွားရတယ်လို့
Lion Battalion Commando
Special Force က သတင်းထုတ်ပြန်

@@
2.5K views14:14
Buka / Bagaimana