Get Mystery Box with random crypto!

CM Variety Show

Logo saluran telegram cm_variety — CM Variety Show C
Logo saluran telegram cm_variety — CM Variety Show
Alamat saluran: @cm_variety
Kategori: Musik
Bahasa: Bahasa Indonesia
Pelanggan: 50.48K
Deskripsi dari saluran

Channel Myanmar's Varitey Show Zone

Ratings & Reviews

1.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

0

2 stars

1

1 stars

1


Pesan-pesan terbaru 2

2023-08-29 09:01:19
Running Man Ep 669

ဒီတစ်ပတ် Running Man မှာဆိုရင်တော့
ပြီးခဲ့တဲ့ အခေါက်က စားပွဲတင်တင်းနစ်ကို မကျေပွဲ ပြန်နွှဲကြမှာပါ
ဒါပေမဲ့ ရေခဲဘက်တံနဲ့ ကစားရမှာဆိုတော့...
လူကြီးအဖွဲ့က လူငယ်အဖွဲ့ကို နိုင်အောင် ပြန်ကစားနိုင်မှာလား?

ဒါ့အပြင် ပင်လယ်ထဲကို စက်လှေနဲ့ သွားကြပြီး ဘာတွေ ကိုယ်တိုင်ဖမ်းပြီး ချက်စားကြဦးမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒီတစ်ပတ်တော့ အထူးအနေနဲ့ Little Woman တို့ Red Sleeve တို့ထဲမှာပါတဲ့
မင်းသား ကန်ဟွန်း ( Kang Hoon) က ဧည့်သည် အနေနဲ့ ရောက်ရှိလာပြီး
ဘယ်လို အသည်းယားစရာကစားနည်းတွေ ကစားကြဦးမလဲဆိုတာ မလွတ်တမ်း ကြည့်ရှုပေးပါဦး။

အညွှန်းကိုတော့ Phuu Phuu က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ CM Runners များပဲ ဖြစ်ပါတယ်။

https://channelmyanmar.org/tvshows/running-ma

https://t.me/running_man_CM
14.1K views06:01
Buka / Bagaimana
2023-08-21 15:26:54
Running Man Ep 668

ဒီတစ်ပတ် Running Man မှာဆိုရင်တော့
အရင်တစ်ပတ်က အဆက်ဖြစ်တဲ့ ပျော်ပွဲစားဒုတိယပိုင်းကို ဆက်လက်ကစားကြမှာပါ။

Members တွေက ဂိမ်းတွေကို အဆင့်ဆင့်ကစားရင်း Coins တွေ စုကြရမှာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ဘယ်သူတွေက Coins ဘယ်လောက်ရကြပြီး အနိုင်ရရှိသွားမလဲ
ညစာကိုရော ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာတွေကို ချက်ပြုတ်စားသောက်ကြဦးမှာလဲဆိုတာ
RM ပရိသတ်ကြီးတို့ ရယ်ရင်းမောရင်း ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ CM Runners များပဲ ဖြစ်ပါတယ်။

https://channelmyanmar.org/tvshows/running-ma

https://t.me/running_man_CM
13.0K views12:26
Buka / Bagaimana
2023-08-08 18:42:18
Zombieverse (2023)

ဒီတစ်ခေါက်ကိုတော့ ZOMBIEVERSE ဆိုတဲ့ရှိုးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီရှိုးက ''Love Hunter''ဆိုတဲ့ Dating Show ကို လာကြတဲ့ဧည့်သည်တွေက ရိုက်ကူးရေးလုပ်နေရင်း
မထင်မှတ်တဲ့ရောဂါတစ်ခုက ရိုက်ကွင်းမှာပျံ့နှံ့လာပြီး ဝရုန်းသုန်းကားတွေဖြစ်ပါတော့တယ်
ရောဂါကူးစက်ခံရသူတွေက ဇွန်ဘီတွေဖြစ်လာကြပြီး အကိုက်ခံရတာနဲ့ ဗိုင်းရပ်စ်က ကူးစက်မှာပါ
သူတို့က ဒီအခြေအနေကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ
ဗိုင်းရပ်စ်ကဘယ်ကနေစပြီးဖြစ်လာတာလဲ
ဇွန်ဘီအကိုက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ ကို ရယ်ရတလှည့် ကြောက်ရတလှည့်နဲ့ကြည့်ရှုရမှာပါ

(ဒီရှိုးမှာ Actor Lee Si Young, Park Naraeနဲ့
Dex တို့လို ရသစုံရှိုးလောကမှာ နာမည်ကြီးတဲ့သူတွေပါ ပါဝင်ထားပါတယ်)

အညွှန်းကိုတော့ Thae Thae မှရေးသားထားပြီး
ဘာသာပြန်တာကတော့ CM Variety Team မှဖြစ်ပါတယ်

https://channelmyanmar.org/tvshows/zombieverse-2023/

https://t.me/+GNZ8cXLD86wwMjdl
13.7K views15:42
Buka / Bagaimana
2023-08-04 08:55:22
His Man Season 2 (2023) အပိုင်း ၁ မှ ၁၄ အထိ စဆုံး

BL Dating show တစ်ခုဖြစ်တဲ့ His Man က ပထမ season 1မှာကတည်းက လူကြိုက်များခဲ့တာဖြစ်ပြီး
Season 2အတွက်လည်း ပရိသတ်အတော်များများက မျှော်လင့်ထားကြတာဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ အားလုံးမျှော်လင့်ထားကြတဲ့ season 2 ထွက်ရှိလာပါပြီ။

Season 2ကိုတော့ အစမှာကတည်းက Drama ဆန်ဆန်စတင်ထားတာဖြစ်ပြီး
Guest တစ်ယောက်ချင်းစီရဲ့ သဘောကျရတဲ့ပုံစံက ဘယ်လိုမျိုးလဲဆိုတာကိုပါ ရှုစားကြရမှာဖြစ်ပါတယ်။
ဒီတစ်ခေါက် Season 2မှာရော ဘယ်သူတွေက ချစ်မိသွားကြပြီး
တကယ့် relationship ကို ပိုင်ဆိုင်သွားနိုင်မလဲဆိုတာတွေကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

(BL DATING SHOW ဆိုတဲ့အတိုင်း အဆင်လေးတွေချည်းပဲပါတာမလို့
BL supporter လေးတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။)

https://channelmyanmar.org/tvshows/his-man-2022/

https://t.me/+Q-a8wnIotB5kNzRl
14.9K views05:55
Buka / Bagaimana
2023-08-02 17:40:54
Going SEVENTEEN Ep-87

ပြီးခဲ့တဲ့အပတ်က BOOmily Outing မှာ ဟင်းတွေချက်ပြုတ်ကြရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ညစာသုံးဆာင်ခဲ့ကြပြီးတဲ့နောက်မှာတော့
ဒီအပတ်မှာ SEVENTEENအဖွဲ့ဝင်တွေက အိပ်ရာမဝင်ခင် ဂိမ်းလေးတွေ ဆော့ကစားရဦးမှာပါ။

ဒေသသံတွေနဲ့ ပြောချင်တာပြောပြီး မရယ်မိအောင် ထိန်းထားရမယ့် ဂိမ်းဆိုတော့
ဒီအပတ်လည်း ရယ်သံတွေ မရပ်တော့ပါဘူး။

ဒီအပတ်လည်း Going SEVENTEEN နဲ့ အတူ ဘဝအမော ဖြေဖျောက်နိုင်ဖို့ တင်ဆက်လိုက်ပါတယ်နော်။

အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။

https://channelmyanmar.org/tvshows/going-seventeen/

https://t.me/+EqaGEsXphJMzN2E9
12.7K views14:40
Buka / Bagaimana
2023-07-21 02:39:40
Amazing.Saturday.E272.230715.720p.CM
16.9K views23:39
Buka / Bagaimana
2023-07-21 02:39:15
Amazing Saturday Epi 272

ဒီအပတ်ရဲ့ Amazing Saturday ကတော့
"Amazing Saturday Forever"ဆိုတဲ့ Theme လေးနဲ့ Special Episode ကိုထုတ်လွှင့်ခဲ့တာပါ။

ဧည့်သည်‌‌အနေနဲ့ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေကတော့ BOYS PLANET ကနေ တက်လှမ်းလာခဲ့ပြီး
ပြီးခဲ့၇လပိုင်း၁၀ရက်နေ့ကမှ ပွဲဦးထွက်ထားတဲ့ ZEROBASEONE ပဲဖြစ်ပါတယ်။

ZE_ROSE တွေစောင့်မျှော်နေခဲ့ကြတဲ့ အပိုင်းလေးဆိုလည်း မမှားဘူးပေါ့နော်။
ပွဲဦးထွက်ထားတာ ရက်ပိုင်းပဲ ရှိသေးပေမယ့် လုံးဝမထင်ရလောက်အောင်
Variety Show တွေနဲ့ ရင်းနှီးကျွမ်းဝင်နေကြတဲ့ZB1ရဲ့ပုံရိပ်လေးတွေကို မြင်ရဦးမှာပါနော်။

ဘာပဲပြောပြော ပွင့်ပွင့်လင်းလင်းပြောတတ်ကြတဲ့ ZB1 အဖွဲ့ဝင်တွေနဲ့
Amazing Saturday ရဲ့ အဖွဲ့ဝင်တွေကြားထဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်သာ လိုက်ပါစီးမျောလိုက်ကြပါဦး။

အညွှန်းကိုတော့ Milkeux က ရေးထားပေးပြိးတော့
ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။

https://channelmyanmar.org/tvshows/amazing-saturday-2021/

https://t.me/Amazing_Saturday_CM
15.6K views23:39
Buka / Bagaimana
2023-07-20 21:07:45
Going.Seventeen.2023.E85.720p.CM
13.8K views18:07
Buka / Bagaimana
2023-07-16 10:53:33
Bloody Game Season 2 (2023)

CMက တစ်ဖန်တင်ဆက်ပေးမယ့် Korean Survival show လေးကတော့
၂၀၂၁ ခုနှစ် က နာမည်ကြီးsurvival show (Bloody Game)ရဲ့ အဆက် Season 2 ပဲ ဖြစ်ပါတယ်။
အခု season မှာတော့ အရင်season တွေနဲ့ မတူပဲ ပိုပြီးဆန်းပြားတဲ့ Gameတွေ နဲ့ ဉာဏ်သုံးရတဲ့ဂိမ်း အများအပြားပါ၀င်လာပါတယ်။
Season 1နဲ့ ကွဲပြားသွားတာက Season1 မှာ အထုတ်ခံရရင် မြေအောက်ခန်းထဲရောက်သွားပြီး ပြန်ပြိုင်ရတာပါ။
အခု Seasonမှာတော့ အထုတ်ခံရရင်တန်းအိမ်ပြန်ရတာပါ။
မတူတာကတော့ Mansion team,Hidden team ဆိုပြီး အစတည်းကနှစ်ဖွဲ့ ခွဲလိုက်ပါတယ်။
Mansion team ကတော့ Hidden team ရှိတာမသိဘဲ ကစားရမှာပါ။
Hidden Team ကတော့ စုတ်ပြတ်နေတဲ့ တောအုပ်ထဲမှာနေရပြီး Mansion team ကတော့ စံအိမ်ကြီးမှာနေရမှာပါ။
ဒီ seasonမှာ နာမည်ကြီးတဲ့သူ တော်တော်များများပါ၀င်လာပြီး

- The Genius ကစားသမား ဟုန်းဂျင်ဟို၊
- ယန်းဆယ်ချန်းတဲ့ တူတယ်လို့ အစခံရတယ့် Dex (Single Inferno 2, Bloody Game 1),
- Streamer Pi, MANSA ကကျောင်းသား၊ Bloody Game Season 1 က ပတ်ဂျီမင်း

https://channelmyanmar.org/tvshows/bloody-game-2021/

https://t.me/+ppRctVVu_EMyNjA1
17.6K views07:53
Buka / Bagaimana
2023-07-15 20:18:08
R U NEXT? (2023)

အခုတင်ဆက်ပေးမယ့် Debut Survival Show လေးကဝောာ့ R U NEXT? ဆိုတဲ့ ရှိုးလေးပါပဲ။

LE SSERAFIM တို့ New Jeans တို့လို နောက်ထပ်မွေးထုတ်ပေးမယ့် HYPE နဲ့ JTBC ရဲ့ Girl Group Project တစ်ခုဖြစ်ပါတယ်။
သင်တန်းသူပေါင်း ၂၂ယောက်ပါ၀င်မှာဖြစ်ပြီး နောက်ဆုံး ၆ယောက်အဖွဲ့နဲ့ပဲ ရွေးထုတ်ပြီးဖွဲ့ပေးသွားမှာပါ။
ကိုရီးယား ဂျပန် ထိုင်း အမေရိကန် အစရှိတဲ့ အချောလေးတွေ ၂၂ယောက်ပါ၀င်မှာဖြစ်ပြီး မျက်စိပသာဒ ဖြစ်ပြီး ရင်အေးစေမှာ အမှန်ပါပဲ။
Roundတိုင်းမှာ ခက်ခဲတဲ့မစ်ရှင်အများအပြားပါ၀င်မှာဖြစ်ပြီး Survial show တွေရဲ့ ထုံးစံအတိုင်း ရန်ဖြစ်တာတွေ ငိုယိုတာတွေ မြင်ရဦးမှာပါ။
ဒိုင်တွေကလည်း ပရိသတ် နဲ့ မစိမ်းတဲ့ Aiki, 2AMက Jo Kown, KARA က Gyuri,
Wanna One အဖွဲ့၀င်ဟောင်း Kim Jae Hwan အစရှိတဲ့ဒိုင်တွေလည်း အကဲဖြတ်ပေးကြမှာပါ။

အစီအစဉ်တင်ဆက်သူက ပြည်သူ့အချစ်တော် GIRL'S GENERATION ရဲ့ Choi Soo young က တင်ဆက်ပေးသွားမှာဖြစ်ပြီး
အပိုင်း၁၀ပိုင်းနဲ့ပြသသွားမှာဖြစ်လို့ ကိုယ်သဘောကျတဲ့ကောင်မလေးများ ဘယ်‌တော့ပြုတ်သွားမလဲဆိုတာ ရင်တမမနဲ့စောင့်ကြည့်ပေးပါဦးနော်

https://t.me/+LQEmXdWfqmw3Y2Vl
15.8K views17:18
Buka / Bagaimana